Thursday, September 10, 2015

အင်တာနက်ကိုအကျိုးရှိစွာ အသုံးပြုနည်း



အင်တာနက်ကိုအကျိုးရှိစွာ အသုံးပြုနည်း

မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူအများစုကတော့ Viberနဲ့ Facebookကိုအဓိကအသုံးပြုကြတာကိုတွေ့ရှိရပါတယ်။
ဒုတိယအသုံးများဆုံးကတော့downloadဆွဲဖို့ပဲအသုံးပြုကြတာကို တွေ့ရှိရပါတယ်။လူနည်းနည်းသာအင်တာနက်ကို
အကျိုးရှိစွာ အသုံးပြုတတ်ပါသေးတယ်။ တစ်ချို့က အင်တာနက်ဆိုတာကို Viberနဲ့Facebookသုံးတာလို့ပဲလို့တောင်
ထင်နေကြပါတယ်။ တကယ်တော့ အင်တာနက်ဆိုတာ အရမ်းကိုတန်ဖိုးကြီးမားတဲ့ စာကြည့်တိုက်ကြီးပါ။ သင်မသိတဲ့
အရာတော်တော်များများကို အင်တာနက်မှာရှာဖွေဖတ်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ connectionမှမကောင်းတာ Facebook နဲ့ Viberတောင်မနည်းသုံးနေရတာ အခြားဟာတွေ ဘယ်လိုလုပ်
သုံးနိုင်မှာလဲ ဆိုပြီးတော့ဆင်ခြေပေးကောင်းပေးနိုင်ပေမယ့် ကျွန်တော်လဲမြန်မာနိုင်ငံသား တစ်ယောက်ပါပဲ။ သင့်ရဲ့
တိုးတက်ချင်တဲ့ စိတ်အားထက်သန်မှု ပေါ်ပဲမူတည်ပါတယ်။ Facebookနဲ့viber မသုံးနဲ့လို့ဆိုလိုချင်တာမဟုတ်ပါဘူး။
အဲဒါတွေလည်းသုံး ကိုယ့်အတွက်အသုံးဝင်မယ့်ဟာတွေလဲသုံးဖို့ အကြံပေးချင်တာပါ။
 

Google ကိုကောင်းကောင်းအသုံးပြုတတ်အောင် ကြိုးစားပါ။

တကယ်တော့ googleဆိုတာ ရတနာသိုက်ကြီးပါပဲ။ အသုံးပြုတတ်ဖို့ပဲလိုတာပါ။ ဥပမာ သင်မနက်ဖြန်မှာ အင်တာဗျူးဖြေ
ဖို့ရှိတယ်ဆိုပါစို့။
How to sit for an interview သို့မဟုတ် Dos and don’ts for an interview လို့ Google search box ထဲမှာရိုက်ကြည့်လိုက်ပါ။ အကယ်၍သင်က English စာလေ့လာနေသူဆိုရင် google search box ထဲမှာ
“English learning websites” လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ အသုံးဝင်တဲ့ ၀က်ဘ်ဆိုဒ်တွေအများကြီးကျလာပါလိမ့်မယ်။
သင့်အတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ အများကြီးကျလာပါလိမ့်မယ်။ ဒါပေမဲ့ Basic English reading skill လေးတော့လိုပါတယ်။ဒါပေမဲ့ အရမ်းတော့လည်းမခက်ခဲပါဘူး။ ဒါမှမဟုတ် တကယ်လို့သင်က Englishလိုမဖတ်ချင်
ရင်လည်း “ အင်တာဗျူး”လို့မြန်မာလိုရိုက်ထည့်လိုက်ပါ။ မြန်မာလိုရေးထားတဲ့ ဆောင်းပါးတွေအများကြီးကျလာပါလိမ့်မယ်။
ဥပမာ hacking အကြောင်းသိချင်တယ် ဆိုပါစို့။ မြန်မာလိုပဲဖတ်ချင်ရင်တော့ “Hacking ကို” သို့မဟုတ် “Hacking
အကြောင်း” ဆိုပြီး မြန်မာလိုလေး တွဲရိုက်ပြီး google search box ထဲမှာ ရိုက်ထည့်ပြီးရှာလို့လည်းရပါတယ်။

သင်ကရေမကူးတတ်ဖူးဆိုပါစို့။ How to swim ဆိုပြီး ရိုက်ပြီးတစ်ခါလောက်ရှာကြည့်လိုက်ပါ။ သင်က ဓာတ်ပုံရိုက်ရတာ
ဝါသနာပါတယ်ဆိုပါစို့။ “How to take a good picture” လို့ရိုက်ပြီးရှာကြည့်လိုက်ပါ။ သင်ဘာပဲလိုလို google search
box ထဲမှာ တတ်သလောက်မှတ်သလောက် ရိုက်ထည့်ပြီးရှာကြည့်လိုက်ပါ။ သင်ရိုက်တာမမှန်ရင်လည်း googleက
အနီးစပ်ဆုံးပြန်ပြင်ပေးပါတယ်။ သင်က Facebookလောက်သာကြည့်လို့ရတဲ့ connectionရတယ်ဆိုရင်လည်းမပူပါနဲ့။
Facebook ပေါ်မှာလည်း ဖတ်လို့ရတာတွေအများကြီးပါပဲ။ Facebook ရဲ့ Search box ထဲမှာရှာဖွေလို့ရပါတယ်။
ဥပမာသင်က စပိန်စာလေ့လာနေတယ်ဆိုပါစို့။ Facebook Search boxထဲမှာ “Learn Spanish” လို့ရိုက်ကြည့်
လိုက်ပါ။စပိန်စာသင်တဲ့ Pageတွေအများကြီး ကျလာပါလိမ့်မယ်။ အင်တာနက်ဖွင့်ထားတုန်းလေ့လာရင် ပိုက်ဆံကုန်တယ်
ထင်ရင် Screenshot လုပ်ထားပြီး offline လေ့လာလို့ရပါတယ်။ download လုပ်လို့ရတာတွေဆိုရင် download
လုပ်ထားပြီး offline ပြန်လေ့လာလို့ရပါတယ်။
 

Youtube ကိုအသုံးပြုပါ။

အသင့်အတင့် connectionကောင်းတယ်ဆိုရင် Youtubeကိုလည်းသုံးကြည့်ပါ။ Youtube ကို MTVရှာရုံပဲမသုံးပါနဲ့။ Youtube ရဲ့ search box ထဲမှာ အကုန်ရှာဖွေလို့ရပါတယ်။ ဥပမာသင်က မနက်ဖြန် presentationလုပ်ဖို့ရှိတယ်ဆိုပါစို့။
“how to make a presentation” ဆိုပြီး youtube search boxထဲမှာရှာကြည့်ပါ။အင်တာနက်ကိုကောင်းကောင်း
အသုံးပြုတတ်ဖို့ဆိုတာ နိုင်ငံခြားကျောင်းသွားတက်ချင်တဲ့ သူတွေအတွက်လည်း အရမ်းကိုလိုအပ်ပါတယ်။
နိုင်ငံခြားကျောင်းတွေမှာကကျောင်းသားတွေကို အကြောင်းအရာတစ်ခုခုခေါင်းစဉ်ပဲပေးပြီး အဲဒိခေါင်းစဉ်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ကျောင်းသားကိုယ်တိုင်က ရှာဖွေဖတ်ရှုရတာပါ။ အဲဒိအခါမှာ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်
အသုံးပြုတတ်ဖို့လိုပါတယ်။
 

Work.com.mm ကိုအသုံးပြုပါ။

နောက်ပြီးသင်အလုပ်ရှာနေတယ်ဆိုရင်လည်း အပြင်မှာ companyတွေတစ်ခုပြီးတစ်ခုနေပူထဲမှာသွားလျှောက်
ရတဲ့ခေတ်ကကုန်သွားပါပြီ။ ကျွန်တော်တို့ရဲ့
Work.com.mm မှာ အကောင့်ဖွင့်ကာသင့်CVလေးကိုဖြည့်ပြီးရင် Apply
တစ်ချက်နှိပ်တာနဲ့ သင်အလုပ်ရနိုင်ပါပြီ။ကျွန်တော်တို့ websiteကို အသုံးပြုရာမှာလည်း အခက်အခဲရှိတယ်
ဆိုရင် ကျွန်တော်တို့ customer serviceကကူညီဖို့အသင့်ပါပဲ။ ၀၁၅၁၂၅၆၃ သို့မဟုတ် ၀၁၁၂၂၃၃၀၉
ကိုသာဖုန်းဆက်လိုက်ပါ။ အခြားအင်တာနက်နဲ့ပက်သက်ပြီး လုပ်လို့ရတာတွေအများကြီးရှိပေမယ့် အဓိက
အသုံးသင့်တတ်ဆုံး Google, Facebook, Youtube Searching နဲ့ အလုပ်ရှာခြင်း အကြောင်းပဲပြော
ခဲ့တာပါ။

အင်တာနက်ကို အကျိုးရှိစွာအသုံးပြုတတ်ကြပါစေ။
မိုးရှင်း(I.M.T)

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး(၁၀)ခု



Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး(၁၀)ခု

Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေရှာဖွေရာမှာ
အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့လူတိုင်းတော့ အဲ့လိုအကျိုးရှိရှိအသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက်
Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likesရဖို့အတွက် Postတွေ
တင်ကြတယ်။ အခြားသူတွေဘာလုပ်နေမလဲ Facebookပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။
ဂိမ်းဆော့မယ်။အစရှိသဖြင့် Facebookကိုအသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk,
Facebook, Viberနဲ့စသိပြီးသုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebookသုံး
ကြပါတယ်။ သင်ရောအဲ့ဒိအထဲပါနေပြီလား?ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခဏခဏ
သုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက်(၁၀)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
(၁)သင့်ဘ၀ပြန်လည်အသက်ဝင်လာလိမ့်မယ်။
“ပြန်လည်အသက်ဝင်လာမယ်”ဆိုတဲ့ စကားကိုသုံးရတာအကြောင်းရှိပါတယ်။ သင်Facebookကိုကြည့်တဲ့အကြိမ်ရေ
ကိုပြန်တွက်ဖူးပါသလား? တစ်နေ့မှာ၂၄နာရီရှိပါတယ်။ ၈နာရီကအိပ်ပါတယ်။ ၈နာရီကအလုပ်လုပ်ပါတယ်။ ကျန်တဲ့
၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို ကြည့်ပါသလဲ တစ်နေကုန်အလုပ်မှာလည်းFacebookကြည့်တယ်၊
ကျန်တဲ့ ၈နာရီမှာလည်း Facebookကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က ရှင်သန်သေးရဲ့လား ပြန်စဉ်းစားဖို့လိုပါပြီ။ Facebookမပေါ်ခင်တုန်းကရောသင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။ သူငယ်ချင်းနဲ့ဖုန်းပြောမယ်၊ သူငယ်ချင်းသို့မဟုတ်
မိသားစုနဲ့ မုန့်သွားစားမယ်၊ သို့မဟုတ်တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ်၊ သို့မဟုတ်စာဖတ်မယ်၊ဒါမှမဟုတ်သင်ဝါသနာ
ပါတာတစ်ခုခု လုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့ကFacebookကိုအလကားသုံးတာမဟုတ်ဘူး။
Facebookပေါ်မှာစာဖတ်တယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ် Facebookပေါ်မှာအဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့
အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရောစာအကြာကြီးဖတ်ဖြစ်လို့လား More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးက
ရှည်နေရင်သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲသင်ဖတ်ဖြစ်တာများပါလိမ့်မယ်။သင်Facebookကိုခဏခဏ
စိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကိုစောင့်နေတဲ့ သင့်ရဲ့ခွေးလေးလည်းရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူ
တစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်းရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့သင်ထင်ကောင်း
ထင်နိုင်ပေမယ့် တကယ်တမ်းက သင်အတုအယောင်လောကတစ်ခုမှာပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ပေါင်း
ထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။ သင့်ဘေးက သင့်အပေါ်မေတ္တာရှိတဲ့အရာအားလုံး၊ သင့်အတွက်တကယ်အကျိုးရှိတဲ့အရာအားလုံးကိုသင်မေ့နေတာပါ။ သင်တစ်နေရာရာကို သွားရင်တောင်သင့်ဖုန်းလေးကို
တကြည့်ကြည့်နဲ့ဖြစ်နေပါလိမ့်မယ်။ Facebookခဏခဏသုံးနေတာကိုရပ်ပြီး ပတ်ဝန်းကျင်ကိုတစ်ခါလောက် စေ့စေ့
စပ်စပ်လေးကြည့်လိုက်ပါ။ သင်အများကြီးတိုးတက်လာလိမ့်မယ်။ သင့်ရဲ့သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့မိသားစု
အတွက် Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။
(၂)အလုပ်တွေပိုပြီးလာလိမ့်မယ်။
ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ကျွန်တော်ကအင်တာနက်ကိုအချိန်ပြည့်
သုံးရပါတယ်။စာတွေကိုအင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့
Social Mediaပါပဲ။ စာဖတ်လိုက်Facebookကိုကြည့်လိုက်နဲ့ အလုပ်ပေါ်အာရုံစူးစိုက်မှုအားနည်းလာပါတယ်။
Facebookကိုခဏလေးဆိုပြီးကြည့်ရာကနေ ၁၅မိနစ်လောက်ကြည့်ဖြစ်တဲ့အခါကြည့်ဖြစ်သွားပါတယ်။ အဲဒိအခါမှာ
ကျွန်တော့်ရဲ့ Productivity ကသိသိသာသာကျသွားပါတယ်။ စာဖတ်နေရင်းနဲ့ Facebookကိုကြည့်ချင်စိတ်တွေပေါ်
လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stressများလာပါတယ်။ အရာရာအဆင်မပြေတော့ပါဘူး။ ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ဘယ်အချိန်မှာ Facebookကိုဖွင့်မယ်ဆိုတာကိုအချိန်ဇယားလုပ်လိုက်ပါ
တယ်။ အဲ့ဒိနောက်ပိုင်း အလုပ်တွေပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ
Facebookသုံးတာကိုဖြစ်နိုင်ရင်ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီး
လာပါလိမ့်မယ်။
(၃)အခြားအရာတွေမှာ အာရုံစူးစိုက်မှုပိုကောင်းလာပါလိမ့်မယ်။
Facebook ကတက်လာမယ့် Update Statusတွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက်စောင့်ဖူးပါသလား? အဲဒိအချိန်တွေကို
အခြားမှာသုံးဖို့ရောစဉ်းစားဖူးပါသလား? အဲ့ဒိ New Statusတွေတက်တာကိုစောင့်နေတဲ့ မိနစ်၃၀လောက်ကို စာအုပ်
ဖတ်ဖို့ဖြစ်ဖြစ်စဉ်းစားဖူးပါသလား?စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်
တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာသင့်ရဲ့အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။
(၄)သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။
Facebookပေါ်မှာခင်ရတာအရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး commentပေးတယ်ဆိုတာ
အချိန် သိပ်မကုန်ပါဘူး။ သင်Facebook မသုံးဘဲနေကြည့်လိုက်ပါ။သင့်ကိုဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊
သင်နဲ့အပြင်မှာဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲစောင့်ကြည့်လိုက်ပါ။သင့်သူငယ်ချင်းအစစ်တွေပေါ်လာပါလိ့မ်မယ်။
(၅)သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာသင်သိလာလိမ့်မယ်။
Facebookပေါ်မှာ Likeတယ်ဆိုတာတကယ်တော့ Likeရဲ့ Meaningတောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း
Likeချင်Likeမယ်။ Likeပြန်ရချင်လို့ Likeတာလည်းဖြစ်ချင်ဖြစ်မယ်။ တာဝန်ဝတ္တရားအရလုပ်ပေးတဲ့အရာတစ်ခုတောင်
ဖြစ်နေပါပြီ။ ဒါပေမဲ့လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူးဖြစ်နေကြပါတယ်။ ဒါကြောင့်Facebookနဲ့နည်းနည်း
ခွဲနေကြည့်လိုက်ပါ။ Facebookပေါ်က Likeဆိုတာဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။
(၆)လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။
Facebookကပေးတဲ့အဓိကပြသနာကတော့ ဘယ်တော့မှFacebookပေါ်မှာလုပ်စရာတွေမကုန်သွားတာပါပဲ။ ကြည့်စရာ
အသစ်တွေ၊ Likeစရာအသစ်တွေ သူငယ်ချင်းအသစ်တွေ၊ commentပေးစရာတွေ၊ Shareစရာတွေနဲ့သံသရာလည်နေ
တာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာတွေအများကြီးရှိပါတယ်။
စာအုပ်တစ်အုပ်ကိုပြီးအောင်ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခုပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။ပန်းကန်တွေ
ကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာတစ်ခုခုပြီးမြောက်အောင်လုပ်ဆောင်ကြည့်ပါ။
(၇)Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။
Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကိုစောင့်ကြည့်နေတဲ့သူရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။
သင့်ရဲ့ဓာတ်ပုံတွေ၊ သင်ရဲ့စိတ်ထဲက လျှို့ဝှက်ချက်တွေအားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy
Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့ သင့်ရဲ့သူငယ်ချင်းတစ်ယောက်က သင့်ကို”မနက်ဖြန်
Junction Sqareသွားကြမယ်လို့” tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့ Friendဖြစ်မနေဘူး
ဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့်သိနိုင်ပါတယ်။ ဒီတော့သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန်ဘယ်သွား
မလဲ သိသွားပြီပေါ့။ ဒါပေမဲ့ သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒိလိုပြသနာတွေကြုံတော့မှာမဟုတ်ပါဘူး။
(၈)သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။
လေ့လာတွေ့ရှိချက်တွေအရတော့ Facebookကလူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။ သင်postတစ်ခု
တင်လို့ Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင်ယုံကြည်မှုတွေပါကျဆင်းလာတတ်ပါတယ်။
သင့်ကို စိတ်ဓာတ်ကျလာစေပါတယ်။ ခဏလောက် Facebook နဲ့ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး
အကောင်းမြင်လာပါလိမ့်မယ်။
(၉)သင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။
ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ Facebookအသုံးပြုသူတော်တော်များမျာဟာဝန်တိုစိတ်တွေ
များလာကြပါတယ်လို့ ဆိုပါတယ်။ Facebookပေါ်မှာသူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာ
ကြပါတယ် လို့ဆိုပါတယ်။ သူများတွေတင်ထားတဲ့ ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေတွဲ
ရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့ကမနာလို ဖြစ်တတ်ကြပါတယ်။ Facebook ဆိုတာအရမ်းကြွားလို့ကောင်းတဲ့အရာဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒိလို
မနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေခဏလောက်ထွက်ပြီး သင့်မှာရှိတဲ့အရာတွေကိုတန်ဖိုးထားကြည့်လိုက်ပါ။
(၁၀)Facebook ဆိုတာကြော်ငြာတွေအများကြီးမြင်နိုင်တဲ့နေရာတစ်ခုထက်မပိုဘူးဆိုတာ သင်နားလည်လာလိမ့်မယ်။
Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။
ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။
ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့
ရည်ရွယ်တစ်ခုနဲ့ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်း
ရည်ရွက်ချက်ဖြစ်တဲ့မိတ်ဆွေကောင်းအသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊
စီးပွားရေးတစ်ခု၊စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။Facebookကနေ ကောင်းတဲ့အချက်တွေအများကြီးရပါတယ်လို့
သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီးနှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို
ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့အချိန်အများစုကိုအရေးမကြီးတဲ့ကိစ္စတွေမှာ
မဖြုန်းဖို့ ပြောချင်တာပါ။
Facebokစွဲလမ်းခြင်းရောဂါ အမြန်ဆုံးပျောက်ကင်းကြပါစေ။
မိုးရှင်း (I.M.T)

အလုပ်ပြောင်းဖို့အတွက်အကြံပြုချက်များ



အလုပ်ပြောင်းဖို့အတွက်အကြံပြုချက်များ


အလုပ်အကိုင်အသစ်ပြောင်းခြင်းဆိုတာ ထင်သလောက်တော့မလွယ်ကူပါဘူး။ လက်တွေ့အလုပ်ပြောင်းရာမှာ ကြုံတွေ့ရလေ့ရှိသော အခက်အခဲများရှိပါတယ်။ ဒီတော့ အောင်အောင်မြင်မြင်နဲ့အလုပ်အကိုင်အသစ်တစ်ခုရအောင် ဘယ်လိုကြိုးစားကြမလဲ? ကျွန်တော်တို့ work.com.mm ကနေအကြံအချို့ပေးပါရစေ။
 
·     သင့်ရဲ့လက်ရှိအလုပ်ပေါ် ကျေနပ်မှု၊မကျေနပ်မှုကို သေချာပြန်တွက်ချက်ပါ။
သင့်ရဲ့လက်ရှိအလုပ်ပေါ် ကျေနပ်မှု၊မကျေနပ်မှုကို သေချာပြန်တွက်ချက်ပါ။ သင့်ရဲ့အလုပ်အခြေအနေပေါ်မှာ သင့်ရဲ့
တုံြ့ပန်မှုတွေကိုမှတ်စုစာအုပ်နဲ့မှတ်ထားပါ။ မကြာခဏဖြစ်လေ့ရှိသော သင်မကျေနပ်သည့် အချက်များကိုမှတ်ထားပါ။
သင်အလုပ်၏ ဘယ်အပိုင်းကိုမကြိုက်တာလဲ မှတ်သားပါ။ သင့်ရဲ့မကျေနပ်ချက်တွေက သင်လုပ်ရသောလုပ်နှင့်ပက်
သက်နေတာလား၊သင့်ကုမ္ပဏီရဲ့မူတွေကိုမကြိုက်တာလား၊သင်နေ့တိုင်းအတူတူတွဲလုပ်နေသောသူများကို
မကြိုက်တာလားခွဲခြားဆုံးဖြတ်ပါ။

  • သင့်ရဲ့စိတ်ဝင်စားမှု၊တန်ဖိုးတွေနဲ့ကျွမ်းကျင်မှုတွေကို ပြန်သုံးသပ်ပါ။
သင်အရင်က အောင်မြင်ခဲ့သောလုပ်များကိုပြန်သုံးသပ်ပါ။ သင်ဘယ်လိုအရာမျိုးတွေမှာတော်ခဲ့ပြီးဘယ်လိုအရာ
မျိုးတွေမှာညံ့ခဲ့လဲ ပြန်သုံးသပ်ပါ။ဘယ်လိုအရာမျိုးတွေကို စိတ်ဝင်စားခဲ့ပြီး ဘယ်လိုအရာမျိုးတွေကို စိတ်မ၀င်စားခဲ့လဲ
ပြန်သုံးသပ်ပါ။

  • သင့်အလုပ်ပြောင်းဖို့ အတွေးအခေါ်သစ်ရအောင်ကြိုးစားပါ။
သင်ရဲ့အရည်အချင်းတွေ၊ စိတ်ဝင်စားမှုတွေနဲ့ပက်သက်ပြီး သင့်သူငယ်ချင်းများ၊မိသားစုဝင်များ၊အလုပ်အကိုင်
အကြံပေးများနှင့်တိုင်ပင်ပါ။အင်တာနက်ပေါ်မှာလည်း career advice ဆိုပြီး Googleမှာ ရှာဖွေနိုင်ပါတယ်။
 
  • အကြိုနှိုင်းယှဉ်တွက်ချက်မှုတွေပြုလုပ်ပါ။
အလုပ်အသစ်ပြောင်းဖို့အတွက် သင်ပြောင်းချင်သောအလုပ်၏အကြောင်းကိုလေ့လာပါ။ သင်ယခုလုပ်နေသော
အလုပ်နှင့်ဘာကွာခြားလဲ ဘာအားသာချက်တွေ ရှိလာမှာလဲ၊ဘာအားနည်းချက်တွေရှိလာမှာလဲ သုံးသပ်ပါ။
သင့်မှာရှိသောအရည်အချင်းများနှင့် ဆက်နွယ်မှုရှိနေလား၊ သင်ပြောင်းချင်သောအလုပ်အတွက် မည်သည့်
အရည်အချင်းထပ်လိုမလဲ တွက်ချက်ပါ။
 
  • သင်ပြောင်းချင်သောအလုပ်အကြောင်းဖတ်နိုင်သလောက်ရှာဖွေဖတ်ရှုပါ။
သင်ပြောင်းချင်သောအလုပ်အကြောင်းကို ဖတ်နိုင်သလောက်ရှာဖွေဖတ်ရှုပါ။ဖြစ်နိုင်သလောက်ရှာဖွေဖတ်ရှုမှသာ
သင်ပြောင်းမည့်အလုပ်အကြောင်းကိုသေချာသိလာမှာဖြစ်ပါတယ်။
 
  • သင်ပြောင်းချင်သောအသက်မွေးဝမ်းကြောင်းကိုအမြဲမြတ်ချေမပြတ်ပါစေနဲ့။
သင်ပြောင်းချင်သောအသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေသည့်သူများနှင့်ဆက်သွယ်ပါ။ ထိုအလုပ်အကြောင်း
ပိုမိုသိရန် ကြိုးစားပါ။ ထိုအလုပ်နှင့်မျက်ချေမပြတ်ပါစေနဲ့။
 
  • သင်လုပ်ချင်သောအလုပ်ကို အပြီးအပိုင်မပြောင်းခင် အစမ်းလုပ်ကိုင်ပါ။
အလုပ်ပြောင်းပြီးမှနောင်တမရစေရန် သင်လုပ်ချင်သောအလုပ်ကို အရင်ဆုံး အစမ်းလုပ်ကြည့်ပါ။ ဥပမာသင်က
စာရေးဆရာဖြစ်အသက်မွေးချင်တယ်ဆိုရင် စာတွေစရေးပါ။ ပြီးတော့ Facebook Pageမှာဖြစ်ဖြစ် Blogမှာဖြစ်ဖြစ်
သင့်အရေးအသားများကိုတင်ကြည့်ပါ။သင်စာရေးရေးရတာ တကယ်ရော စိတ်ဝင်စားရဲ့လားပြန်သုံးသပ်နိုင်
ပါတယ်။
 
  • သင့်ပညာအရည်အချင်းကိုပြန်သုံးသပ်ပါ။လိုအပ်ပါက ထပ်သင်ယူဖို့ကြိုးစားပါ။
သင်အသစ်ပြောင်းမည့်အလုပ်က ပညာအရည်အချင်းအသစ်တခုခု လိုအပ်မည်ဆိုရင် ထိုပညာအရည်အချင်းကို
ရအောင်ကြိုးစားပါ။သင်ရဲ့အားလပ်ချိန်တွေမှာ သင်တန်းတွေတက်ပါ။
 
  • သင်ယခုလုပ်ကိုင်နေသောအလုပ်နှင့် အနီးစပ်ဆုံးအလုပ်ကိုအရင်စဉ်းစားပါ။
ဥပမာသင်က programmer တစ်ယောက်ဆိုပါစို့။ သင်ယခုအလုပ်ကိုမကြိုက်ပါက သင်ကကွန်ပျူတာတွေနဲ့
ရင်းနှီးကျွမ်းဝင်နေတဲ့အတွက် Technical Sales လိုအလုပ်မျိုးကို ပြောင်းလို့ရပါတယ်။

အလုပ်အကိုင်အသစ်ကိုပြောင်းချင်သူများ ပါးပါးနပ်နပ် ကူးပြောင်းနိုင်ကြပါစေ။
မိုးရှင်း(I.M.T)

အလုပ်တစ်ခုကိုလက်မခံခင် စဉ်းစားသင့်သောအရာများ



အလုပ်တစ်ခုကိုလက်မခံခင် စဉ်းစားသင့်သောအရာများ


အချို့သောသူများက အလုပ်တစ်ခုကိုလက်မခံခင် သေသေချာချာစဉ်းစားလေ့မရှိပါဘူး။ အကျိုးဆက်အနေနဲ့ အလုပ်မှာ
မပျော်ရွှင်ပဲ စိတ်ဖိစီးမှုတွေများတာကိုတွေ့ဖူးပါတယ်။ တစ်ချို့ကလည်း သည်းမခံနိုင်ပဲ အလုပ်ထွက်သွားကြပါတယ်။
အလုပ်တစ်ခုမှာ လပိုင်းလေးပဲကြာတယ်ဆိုတာ ရေရှည်အတွက်တော့ သိပ်မကောင်းလှပါဘူး။ ဒါကြောင့်အလုပ်တစ်ခုကို
လက်မခံခင်မှာသေချာစွာ စဉ်းစားသင့်ပါတယ်။ ဘယ်လိုအချက်မျိုးတွေထည့်သင့်သလဲဆိုတာကို ကျွန်တော်တို့
www.work.com.mm မှအကြံပေးပါရစေ။
သင်အင်တာဗျူးတစ်ခုအောင်သွားပြီဆိုပါစို့။ အလုပ်အတွက်လည်း ကမ်းလှမ်းခြင်းခံရပြီဆိုရင်သင်ချက်ချင်းလက်ခံဖို့
မလိုသေးပါဘူး။ သင်စဉ်းစားဖို့အချိန်ယူသင့်ပါတယ်။ အောက်ပါအချက်များကို စဉ်းစားပြီးမှ သေချာဆုံးဖြတ်ပါ။
စဉ်းစားရမည့်အခြေခံအချက်အလက်များ
-သင်လုပ်ရမည့်အလုပ်ကို သင်သေချာနားလည်ပါသလား?
သင်လုပ်ရမည့်အလုပ်ကိုသေချာစွာသိထားဖို့လိုပါတယ်။ သင်နားမလည်နိုင်တဲ့အရာတွေရှိရင်လည်း ဘယ်လိုအကူအညီ
မျိုးရနိုင်မလဲ မေးပါ။

-သင့်ရဲ့ရာထူးကိုရောကျေနပ်ရဲ့လား?

ဥပမာ သင့်ရာထူးက Marketing ဆိုပါစို့။ Marketing Officer သို့မဟုတ် Marketing Assistant စသဖြင့်
နာမည်ပေါင်းစုံရှိပါတယ်။ ဒီရာထူးနာမည်တွေနဲ့ပက်သက်ပြီး သင်မကျေနပ်တာမျိုးရှိရင် တစ်ခါတည်းဆွေးနွေးပါ။

-သင့်ရဲ့တစ်နေ့တာအလုပ်ကရောဘယ်လိုမျိုးလဲ? Targetကရော ခန့်မှန်းခြေဘယ်လောက်လဲ?

ထိုအရာများကိုသိအောင်မေးမြန်းပါ။စုံစမ်းပါ။ လုပ်ငန်းတိုင်းမှာ သင်ပြီးမြောက်ရမည့် Targetများ ရှိပါတယ်။ သင့်အတွေ့
အကြုံ၊အရည်အချင်းနဲ့ သူ့Targetတွေကိုက်ညီမှုရှိရဲ့လားစဉ်းစားပါ။
-အလုပ်ချိန်ကဘယ်လိုလဲ?
မနက်၉နာရီကနေညနေ၅နာရီလား? မနက်၉နာရီခွဲကနေ ညနေ၆နာရီခွဲထိလား?သေသေချာချာ စုံစမ်းပါ။ သင့်အတွက်
အဆင်မပြေရင် ဆွေးနွေးကြည့်ပါ။
-ဒီအလုပ်ကိုလက်ခံအကြောင်း ဘယ်တော့နောက်ဆုံးထားအကြောင်းကြားရမလဲမေးပါ။
သင်ဘယ်တော့နောက်ဆုံးပြန်အကြောင်းကြားပေးရမလဲမေးပါ။ တစ်ခါတစ်လေသူက အမြန်လိုနေရင်တော့ သင်အမြန်ဆုံး
ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
-သင့်လစာက သင့်အတွက်ရောလုံလောက်ရဲ့လား?
သင်ကအခုမှစလုပ်တဲ့သူဆိုရင်တောင်စဉ်းစားသင့်ပါတယ်။ အရမ်းကြီးနည်းနေရင်တော့ လက်မခံသင့်ပါဘူး။
ဒါပေမယ့်နောက်တစ်ခုစဉ်းစားလို့ရတာကတော့ လစာနည်းပေမယ့် အခြားဘယ်လိုအခွင့်အရေး တွေရနိုင်သေး
လည်းဆိုတာပါပဲ။ တစ်ချို့တွေကလစာနည်းပေမယ့် အခြားအခွင့်အရေးတွေမှာပိုပေး လေ့ရှိပါတယ်။ ထိုအချက်
ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။
-ကုမ္ပဏီကပေးတဲ့အခြားအကျိုးခံစားခွင့်၊ သင်တန်းစတာတွေရောရှိပါသလား?
တစ်ချို့ကုမ္ပဏီတွေက Trainingတွေလည်းပေးလေ့ရှိပါတယ်။ ဒါကြောင့်ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။

-သင့်ရဲ့ Supervisor ကရော ဘယ်လိုမျိုးလဲ?

ဒီအကြောင်းအရာကတော့ ပြည်တွင်းကုမ္ပဏီများမှာလုပ်နေတဲ့သူများထက် နိုင်ငံတကာကုမ္ပဏီမှာလုပ် နေတဲ့သူများအတွက်
ပိုသင့်တော်ပါတယ်။နိုင်ငံခြားကုမ္ပဏီတွေမှာတော့အလုပ်လက်မခံခင်Supervisorနဲ့စကားပြောကြည့်တာအဆန်းမဟုတ်ပါ
ဘူး။ ပြောကြည့်လို့အဆင်မပြေနိုင်ဘူးဆိုရင်တော့ အခြားနေရာမှာ စုံစမ်းပါ။ ဥပမာ ထိုကုမ္ပဏီမှာလုပ်နေတဲ့သင့်မိတ်ဆွေ၊
သူငယ်ချင်း၊အသိစသဖြင့်ပေါ့။ သင့်Supervisor ရဲ့သဘောထားကို အကြမ်းဖျင်းသိနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့
သင်ဘာတွေ သင်ယူနိုင်မလဲဆိုတာကိုလည်း မေးနိုင်ပါတယ်။

-သင့်ရဲ့ရည်မှန်းချက်များနဲ့ကိုက်ညီရဲ့လား?
ထိုကုမ္ပဏီမှာအလုပ်လုပ်ခြင်းဖြင့် သင့်ရည်မှန်းချက်နဲ့နီးလာမှာလား? သင့်ရဲ့ပန်းတိုင်ဆီကိုသွားဖို့ ထိုကုမ္ပဏီက လှေကား
ထစ်တစ်ခုဟုတ်ရဲ့လား? သင့်အရည်အချင်းတွေကိုရော အပြည့်အ၀အသုံးချ နိုင်မည့်နေရာတစ်ခုဟုတ်ရဲ့လား?
ဒီအချက်များအားလုံးကို သေချာစွာစဉ်းစားရမှာဖြစ်ပါတယ်။သင်မပျော်ရွှင်တဲ့အလုပ်မှာမအောင်မြင်နိုင်တာကြောင့်
အထက်ပါအချက်များကိုသေချာစဉ်းစားဖို့အကြံပေးချင်ပါတယ်။
Do what you love and love what you do.
မိုးရှင်း (I.M.T)
Ref: forbes.com