Thursday, August 27, 2015
အသိဥာဏ် + ကိုယ်ကျင့် တရား
တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။
“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင် မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက် ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။
အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။
အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို မေးခဲ့တယ်။
ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း ဖြစ်ပါတယ်။
အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို ရေးထားသေးတယ်....
“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက် ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....
လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”
ရေးသားသူ... နိုင်းနိုင်းစနေ
ဆင်းရဲ သား တွေ " ဘာ" လိုသလဲ
ဒီစာအုပ် ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးသူတွေ ရှိကောင်းရှိလိမ့်မည်။ ဆင်းရဲတဲ့ လူတွေ“ဘာ” အလိုအပ်ဆုံးလဲ “ငွေကြေး”ဟု လူတိုင်း ဖြေမည်မှာ ဧကန်မလွဲပေ။ သို့သော်.. ကျွန်မ ဖတ်ဖူးသော ပုံပြင်လေး တစ်ပုဒ်ကို ဘာသာပြန် မျှဝေ လိုက်ပါသည်။
============
ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူ ပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ် မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင် လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ မိမိ၏ ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့် အပြင် ပြင်သစ်ငွေ ၁၀၀ မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြင့် ပေးရန် ချန်ထားရစ်ခဲ့သည်။
သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာ တစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှား
“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကွယ်လွန်တော့ သူဌေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကောင်းကင်ဘုံကို သွားရမယ့်လူပါ။ ကောင်းကင်ဘုံကို မ၀င်ခင် ကျွန်တော် ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။ အဲဒီလျှို့ဝှက်ချက်ကို ပြင်သစ်ဗဟိုဘဏ်က ကျွန်တော်ရဲ့ မီးခံ သေတ္တာထဲမှာ သိမ်းဆည်း ထားပါတယ်။ အဲဒီ သေတ္တာရဲ့ သော့သုံးချောင်းကို ကျွန်တော်ရှေ့နေနဲ့ ကိုယ်စားလှယ်နှစ်ဦးဆီမှာ အပ်နှံထားခဲ့တယ်။ ဆင်းရဲသားတွေ ဘာလိုအပ်လို့ ဆင်းရဲရတာလဲ ဆိုတဲ့ အမေးကို ဖြေဆိုနိုင်သူကို ကျွန်တော် ကောင်းချီး ပေးချင်ပါတယ်။ ဖြေဆိုနိုင်တဲ့သူကို ကျွန်တော် အခေါင်းထဲကနေ ထပြီး လက်ခုပ်တီး ကောင်းချီး မပေးနိုင်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ မီးခံသေတ္တာထဲက ၁၀၀ မီလီယံကို ယူသွားခွင့် ရှိပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ ကောင်းချီးသြဘာပါပဲ။”
သေတမ်းစာကို ထုတ်ပြန်ကြေညာပြီးနောက် သတင်းစာတိုက်သို့ စာများ အဆက်မပြတ် ရောက်လာခဲ့သည်။ ဆင်းရဲသားများ ဘာ အလိုအပ်ဆုံးလဲ ဟုသော မေးခွန်းကို ဖြေဆိုသော အဖြေ စုစုပေါင်း (၄၈၅၆၁)ကို လက်ခံ ရရှိခဲ့သည်။ လူအများစုက ဆင်းရဲသားများ အလိုအပ်ဆုံးမှာ ငွေကြေးသို့မဟုတ်ကြီးပွား တိုးတက်အောင် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် နည်းလို့ဟု ဖြေဆိုထားကြသည့် အပြင် တချို့က “အကူအညီ မဲ့လို့” ဆင်းရဲနေကြခြင်း ဖြစ်သည်ဟုလည်း ဖြေထားကြသည်။
သူကွယ်လွန်သော နှစ်ပတ်လည် နေ့တွင် မီးခံသေတ္တာကို သက်သေများရှေ့၌ ဖွင့်ခဲ့သည်။ စာပေါင်း (၄၈၅၆၁) စောင်ရှိသည့်အနက် Tiller မည်သော ကလေးမလေး၏ အဖြေမှာ သူ၏ လျှို့ဝှက်ချက်နှင့် ကိုက်ညီခဲ့သည်။ ထိုအဖြေမှာ “ဆင်းရဲသားများ ဆင်းရဲနေခြင်းမှာ ရည်မှန်းတောင့်တချက်၊ ချမ်းသာလိုသော အာသီသ (ambition) ကင်းမဲ့သောကြောင့် ဖြစ်သည်”။
၉နှစ်သာရှိသေးသော Tiller အား ဘာကြောင့် စိတ်ဆန္ဒ အာသီသဟု ဖြေဆိုခဲ့ပြီး တစ်ခြားအဖြေကို မဖြေခဲ့ရသလဲ ဟုမေးသော် သူမက “၁၁နှစ်အရွယ် ကျွန်မအစ်မဟာ သူ့ချစ်သူကို အိမ်ခေါ်ပြန်လာတိုင်း စိတ်ဆန္ဒ မရှိနဲ့လို့ အမြဲသတိ ပေးတတ်ပါတယ်။ ဒါကြောင့် စိတ်ဆန္ဒ ဆိုတာ ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အရာကိုရအောင် လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တာပါ” ဟုပြန်ဖြေခဲ့သည်။
သူဌေး၏ လျှို့ဝှက်ချက်သည် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်စသော နိုင်ငံကြီးများကို တုန်လှုပ်စေခဲ့သည်။ နောင်တွင် မင်းသား၊ မင်းသမီးများနှင့် စီးပွားရေးလောကတွင် ထိပ်တန်း ရောက်နေသူများကို ထိုလျှို့ဝှက်ချက် နှင့် ပတ်သက်ပြီး အင်တာဗျူး ကြရာတွင် စိတ်ဆန္ဒသည် ထာဝစဉ် တည်မြဲစေသော ဆေးတစ်ပါးဖြစ်၏။ ထူးခြား အောင်မြင်သော အရာဝတ္ထုတိုင်း၏ မျိုးစေ့ဖြစ်သည် ဟုဖြေဆိုခဲ့ကြသည်။
လူအများ ဆင်းရဲနေရခြင်းမှာ သူတို့တွင် တူညီသော အားနည်းချက် တစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအားနည်းချက်မှာ တကယ့်ချမ်းသာလိုသော စိတ်ဆန္ဒ ကင်းမဲ့သောကြောင့် ဖြစ်သည်။
===========
ချမ်းသာသော သူများ၏ အိတ်ကပ်ထဲတွင် ဆင်းရဲသော သူများ၏ အိပ်မက်ကို အမြဲထည့်ထား တတ်ကြပါသလား.... သင်၏ မျှော်လင့်ချက်၊ သင်၏အိပ်မက်နှင့် ကြိုးစားလိုစိတ်ကို သင့်ထွေးပွေ့ ထားလျှင် လမ်းဆုံးကို မရောက်မချင်း သင်သည် ဆင်းရဲသောသူ မဖြစ်နိုင်...
ဆင်းရဲသား နောက်ဆက်တွဲ
အဲဒီပုံပြင်ကို ဖတ်ပြီး နောက်ဆက်တွဲ တွေးမိတာလေးတွေပါ။ ကြီးပွားလိုတဲ့ စိတ်ဆန္ဒ၊ ချမ်းသာလိုတဲ့ အာသီသ ဘယ်သူမရှိလဲ ဆိုတဲ့ ကပ်သပ်တဲ့ မေးခွန်းကို ကိုယ့်ကိုယ်တိုင် မေးကြည့်မိတယ်။ လူတိုင်း သူဌေးဖြစ်ချင်ကြ တာပဲ။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ မိမိလိုချင်တဲ့ ဆန္ဒကို အရောင်အမျိုးမျိုး ဆိုးခဲ့ကြတယ်။ တစ်ချို့အရာတွေဟာ စိတ်ဆန္ဒ မဟုတ်တော့ဘဲ လိုချင်တပ်မက်တဲ့ အတ္တဖြစ်သွားခဲ့တယ်။ ပုံပြင်ထဲက သူဌေးကြီးပြောချင်တဲ့ စိတ်ဆန္ဒဆိုတာ နေရာ တစ်နေရာ ရချင်လို့၊ တစ်ခုခုရယူချင်လို့ အာဏနဲ့ သိမ်းပိုက် လိုက်တာမျိုး မဟုတ်ဘဲ အမြင့်ကို တစ်ဆင့်ချင်း တစ်လှမ်းချင်း တဖြေးဖြေး ပြောင်းလဲ တိုးတက်သွားတဲ့ ကိုယ့်ရဲ့ အိပ်မက်တွေ သာဖြစ်တယ်။
ဆန္ဒနဲ့အိပ်မက် လူတိုင်းမှာ ရှိခဲ့ဖူးကြပါတယ်။ ကလေးလေး တစ်ယောက်ကို ကြီးလာရင် ဘာလုပ်မလဲလို့ သွားမေးကြည့်.. ၉၀%က ကြီးလာရင် ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေကြမှာပါပဲ။ ငယ်ငယ်တုန်းက ကိုယ်လဲ အဲဒီကလေးလို ဖြေကောင်း ဖြေခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် အချိန်ရဲ့ တိုက်စားခြင်းကို ခံခဲ့ရပြီးနောက် ကျရှုံးလိုက်၊ အဟန်အတားတွေနဲ့ မကြာခဏ ရင်ဆိုင်လာရတော့ ၀မ်းပိုက်ပြည့်ရင် ပြီးတာပဲလေ ဆိုတဲ့ ရောင့်ရဲမှုကို လက်ခံတတ်လာခဲ့တယ်။ အရင်က ဖြေခဲ့ဖူးတဲ့ မိမိ၏ ရည်မှန်းချက်၊ မိမိ၏ အိပ်မက်ဆိုတာကို အကောင်အထည်ဖော်ဖို့ မေ့လျော့လာခဲ့တယ်။
“နပ်မှန်အောင် စားနေရရင် ပြီးတာပဲ” ....“တနေ့ရှာမှ တနေ့စားရတာ” “အသက်ကြီးလာပြီ ဘာများ မက်နေစရာလိုတော့လဲ” ..“သေရင်လဲပါမသွားဘူး။ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေစရာမလိုဘူး” စတဲ့ စတဲ့ အသံကို ပတ်ဝန်းကျင်မှာ နေ့တိုင်း ကြားနေရတယ်။ ဗုဒ္စဘာသာ ပီပီ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရှိတာလေးနဲ့ ၀အောင်စားဆိုတဲ့ ရောင့်ရဲ တင်းတိမ်ခြင်းကို လက်ဝယ် ပိုက်လာခဲ့မိတယ်။ တကယ့်အောင်မြင်ချင်တဲ့ လူတွေကတော့ ရည်မှန်းချက်နဲ့ အိပ်မက်ကို ထွေးပွေ့လို့ တစ်လှမ်းချင်း ရှေ့ဆက်လှမ်းနေကြတယ်။
“ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ဘာကြောင့် သူဌေးဖြစ်ရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။”
အဲဒီ သယ်မသွားချင်ဘူးဆိုတဲ့ သူ့ရဲ့ “စိတ်ဆန္ဒ” ဟာ အိပ်မောကျနေတာ ကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ အိပ်မက်နဲ့ စိတ်ဆန္ဒကို ထပ်တဖန် လှုပ်နိုး နိုင်စွမ်း ရှိခဲ့မယ်ဆိုရင်..........
ရေးသားသူ... နိုင်းနိုင်းစနေ
အိပ်မက်တွေအခိုးမခံစေနဲ့ 
အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်ပါသည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ရည်မှန်းချက်" ခေါင်းစင်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းခဲ့သည်။
ကျောင်းသားတစ်ဦးက ဆရာပေးသည့် ခေါင်းစဉ်ကို အနှစ်ခြိုက်ကြီး နှစ်ခြိုက်ပြီး ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။
ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့်"X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းစေခဲ့ပြန်သည်။
ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအား ထပ်ပြလေသည်။
ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား?" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။
"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"
"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"
ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။
"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"
ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။ နောက်ဆုံး ထိုစာစီစာကုံးမှာ " E " အဆင့်သာရခဲ့သည်။
ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။
လူရွယ်က ဆရာကို အကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု
ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲက ရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။
"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး? မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"
သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? အခိုးခံခဲ့ရပြီလား?
စာနာမှုနဲ့ ဖေးကူပါ
စာနာမှုနဲ့ ဖေးကူပါ။...
အမေရိကန်နိုင်ငံသားလူငယ်လေးတစ်ေ
ယာက် အစစအရာရာ ပြည့် စုံတဲ့ အတိုင်းအဝိုင်းထဲ့ က တစ်ဦးတည်းသောသားဆိုပါတော့ ။ အဲ့ ဒီလူငယ်လေးက အထက်တန်းကျောင်းအောင်ပြီးတာနဲ့  နိုင်ငံအတွက် စစ်မှုကိုထမ်းချင်တယ်လို့ မိဘကိုခွင့် ပန်ခဲ့ သတဲ့ ။ မိဘကလည်း မိမိနိုင်ငံအတွက် လုပ်တဲ့ အလုပ်ပဲ့ ကောင်းတာပေါ့ ဆိုပြီးခွင့် ပြုခဲ့ တယ်။  တစ်နေ့ မှာ မူ  နိုင်ငံ့ တာဝန်ကို ပြည်ပသို့ ထွက်ခွာ ပြီးတာဝန်ထမ်းဆောင်ရန် အမိန့် စာ ရလေသတဲ့ ။    ကမ္ဘာပေါ်မှာရှိတဲ့  လူကြီးလူငယ်တိုင်းသိတဲ့ ဗီယက်နမ် စစ်ပွဲကြီးထဲ့ ကိုပေါလေ။ ထိုစစ်မြေပြင်ထဲ့ ၌သုံးနှစ်ခန့် ကြာသောအခါ စစ်သားလေး သူ့ အမေကိုဖုန်းဆက်သည်။ ပုံမှန်ပြောနေကျစကားတွေကိုမပြောတော့ ပဲ့ ဒီတစ်ခါမှာ.. "သား"..အမေ...သားမကြာခင်တစ်လလောက်ဆိုပြန်လာတော့ မယ်။   အလားတူပင် နှစ်ရက် အကြာတွင် ယခင်က စကားအတိုင်းထပ်ပြောပြီး ဖုန်းချလိုက်ပြန်သည်။ တစ်ရက်အကြာတွင်ဖုန်းထပ်ဆက်ပြန်သည်။   "သား" အမေ...သားမကြာခင်ပြန်လာတော့ မယ်။ ဒါပေမယ့် အမေ့ ကိုပြောစရာရှိတယ်ဟု့ ပြောသည်။  "အမေ "
ပြောလေသား..ဘာပြောမှာလဲ့ လို့ ပြန်ဖြေလိုက်သည်။ " သား"  သားမှာအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်အမေ။ သူကသားနဲ့ စစ်မြေပြင်မှာ အေးအတူပူအမျှ သေတူရှင်ဖက်တိုက်ပွဲဝင်တဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပါတယ်။ ကျနော်သူ့ကိုအရမ်းခင်တယ်အမေ၊သူလည်းသူ့ ကိုယ်သူချစ်သလောက်သားကိုချစ်တယ်အမေဟုပြောပြီးဆက်ပြောသည်။် သူ့ ကို အမေရိကမှာ သားနဲ့ အတူခေါ်ခဲ့ ချင်တယ်အမေဟုပြောသည်။ "အမေက" အော်..ခေါ်လာခဲ့ ပေါ့ သားရယ်..သားရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ့ ..သားအတွက်အဖော်လည်းရတာပေါ့ ။  ဒါပေမယ့် သားအမေ့ ကို တောင်းခံစရာ ရှိတယ်အမေဟု မရဲ့ မဝံ့ ပြောပြီးမိနစ်အနည်းငယ်ကြာအောင်ငြိမ်သွားပြီးနောက်...
သားသူငယ်ချင်းက စစ်မြေပြင်မှာ မိုင်းဗုံးထိလို့  သူ့ ခြေထောက်နှစ်ဖက်စလုံး မရှိတော့ ဘူးအမေလို့ ပြောရင်းအမေ့ ဆီကတုန့် ပြန်စကားကိုငြိမ်သက်စွာနားထောင်လေတော့ သည်။ "အမေ" ဘုရားရေ...သားရယ်..သားရဲ့ သူငယ်ချင်းကဒုက္ခိတ  ဆိုတော့  မလွယ်ဘူးထင်တယ်သားရယ်။ အမေကအလုပ်နှစ်လုပ် လုပ်တာလေ။အဲ့ ဒီတော့ သူ့ ကိုပြုစုဖို့  အမေ့ မှာ အချိန်မရှိဘူးလေသားရယ်. မိသားစုအတွက်သူက အပူအပင်ဒုက္ခအိုးကြီးတစ်ခုဖြစ်သွားမှာပေါ့ လို့ ပြန်ပြောလိုက်သည်။ စစ်သားလေးမှာ မျှော်လင့် ချက်မဲ့ သော ငိုရှိုက်သံဖြင့် ဘာမှမပြောပဲ့ ဖုန်းချလိုက်သည်။။။
သုံးရက်လောက်အကြာတွင်အမေရိကနိုင်ငံရှိ မိဘများရှိရာအိမ်ရှေ့ သို့ အရေးပေါ်ကားတစ်စီးရောက်လာသည်။ မိခင်သည် ရုတ်တရပ် အိမ်ထဲ့ မှ ထွက်ကြည့် သည်မှာ. အလောင်းတစ်လောင်းနဲ့  ဝီးချဲ့ (wheel chair )တစ်စီးတွေ့ ရသည်။ ထိုအလောင်းမှာ သူတို့ ၏တစ်ဦးတည်းသောသားပင်ဖြစ်လေ၏။ ဝှီးချဲ့ နဲ့ အတူစာတစ်စောင်ပါလာသည်။  စာထဲ့ မှာ "အမေနဲ့ အဖေ.. သားမရှိတော့ ပေမဲ့  သားရဲ့ ဝှီးချဲ့ လေးကို စောင့် ရှောက်ပေးပါ။"  ဟုရေးထားလေသည်။  အကယ်စင်စစ်တွင် သားရဲ့ အချစ်ဆုံးသူငယ်ချင်းခြေထောက်နှစ်ဖက်စလုံးမရှိသူ ဒုက္ခိတ ဆိုသူမှာ ထိုမိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သား စစ်သားလေးပင်ဖြစ်လေသည်။ စစ်သားလေးခမျာ်သူ ဒုက္ခိတဖြစ်နေသောအကြောင်းကို့ မိဘနှစ်ပါးအားတိုက်ရိုက် မပြောဝံ့ ပဲ့ သူ့  မိဘများ၏သဘောထားကိုသိလိုသောကြောင့်  သူငယ်ချင်းဟု တွယ်ဝှိုက်ပြောရခြင်းဖြစ်ပါသည်။ သို့ သော် ဒုက္ခသည် က မိသားစုအတွက် အပူပင်ဒုက္ခအိုးကြီးတစ်ခုဟု မိဘတို့ ၏တုန်းပြန်စကားကိုကြားရသဖြင့် သူ့ ကိုယ်သူအဆုံးစီရင်ရခြင်းဖြစ်ပါသည်။ .........
ဆရာမရဲ့ ရင်ထဲ့ က စကားတွေကိုကြားလိုက်တဲ့ အခါ ကျွန်တော့် ရင်ထဲ့ မှာ ...ဩော် ငါတစ်ယောက်တည်းလောက မှာ အပူပင်ရှိတဲ့ လူ၊ဒုက္ဒရောက်တဲ့ သူမဟုတ်ဘူးပဲ့  လူတိုင်းမှာ မတူညီတဲ့ အခက်အခဲ့  အပူအပင်ရှိကြတာပဲ့ ဆိုတာကိုရင်ထဲ့ နှစ်နှစ်ခါခါခံစားရပါတယ်။ တကယ်တော့ ကျွန်တော် လွန်ခဲ့ တဲ့ အပါတ်တုန်းက မြန်မာပြည်အကြောင်းနဲ့  ကျွန်တော့် ရဲ့ ဒုက္ဒပြသနာတွေကို ဆရာမ မျက်ရည်ကျ့အောင်ရင်ဖွင့် ခဲ့ တုန်းကဆို အမေရိကန်နိုင်ငံသားတွေမှာ ဘာအခက်အခဲ့ မှ ငါလောက်ခက်ခဲ့ တာရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့ တာ။  ဩော်..ခုကျတော့ လူတိုင်းမှာ အခက်ခဲ့ ဆိုတာရှိကြမှာပဲ့  တစ်ယောက်နဲ့ တစ်ယောက်အခက်ခဲ့ ချင်းကတာ မတူညီကြတာပဲ့ လားဆိုတာ ကျတော့် ဘဝအတွက် သင်ခန်းစာတစ်ခု လို့ လည်းရင်ထဲ့ မှာ တံဆိတ်ခက် မှတ်ထားလိုက်ပါတယ်။
နောက်တစ်ခုကတော့ ဆရာမပြောသွားတဲ့ အကောင်းဆုံး (ဥပမာ)ပုံပြင်ထဲ့ ကလိုပဲ့  အခက်ခဲ့ ၊ဒုက္ဒ၊ပြသနာ အထွေထွေ ဆိုတာဟာ သူများဆီမှာ ပဲ့ အမြဲ့ ရှိနေမှာ မဟုတ်ပါဘူး တစ်နေ့ မမျှော်လင့် ပဲ့ ကိုယ့် ဘဝထဲ့ ကိုဆိုးကျိုးတွေရောက်လာနိုင်ပါတယ်။ အဲ့ ဒါကြောင့် ကျွန်တော်ပြောချင်တာက လူမျိုးဘာသာမရွေး၊ဂိုဏ်းဂဏမခွဲ၊ ဆင်းရဲ့ ချမ်းသာ၊ မျက်ကမ်းမျက်မြင်၊ လူအ လူတော်၊ သန်မာသည်ဖြစ်စေ ချိနှဲ သည်ဖြစ်စေ အရောင်အဆင့် တန်းမခွဲ့ ပဲ့ ကူညီဖေးမ လက်တွဲ ရိုင်းပင်းကြပါစို့ လားလို့ ..
သင်သိသလား?
သင်သိလား?
(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ
ချေလို့မရပါဘူးခင်ဗျာ
(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်
(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက်
ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်
(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်
(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင်
ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ
လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။
(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)
တစ်လုံးသာ ရှိပါတယ်
(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်
(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း
336 ရှိပါတယ်
(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန်
ဂရုစိုက်ပါ
အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်
(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက်
အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင်
အစာမစားရသောကြောင့်သာဖြစ်ပါသည်
(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင်
ကမ္ဘာကို အပတ် 60
ပတ်မိ မှာဖြစ်ပါတယ်
(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်
(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်
(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်
အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့
ဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ
(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့ အစားအစာ
ကတော့ ပျားရည်ဖြစ်ပါတယ်၊၊
________________________________
(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ
twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်
(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို
မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊
(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့်
200 grams ပိုလေးပါတယ်
(19) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့
စကားလုံးပေါင်း တစ်ရာကျော်
ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊
(20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက
အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့်
အာဖရိကတိုက်မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင်
ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊
(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း
ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့်သွားခြင်းမရှိပေ
(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ်
ဖြင့်လောင်ကျွမ်း
ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်
(23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို
မြင်နိုင်သောတစ်ခုတည်းသော ငှက်မှာ
ဇီးကွက်ဖြစ်သည်
(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော်
ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊
(သြော်... မိန်းမ မိန်းမ )
(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000
ကျော် ဖြတ်သန်း
နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊
(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့
ဆင်ဖြစ်ပါတယ်
(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှ စတင်
တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only
Ladies Forbidden " လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင်
ကစားကြတာ ဖြစ်ပါတယ်၊၊also call Game Of Lazy Fallows
(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး
နေ့စဉ် ခြကောင်ရေ
သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊
(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)
ဖြစ်ပါတယ်
(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်
Wednesday, August 19, 2015
ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။
ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
မကြာခဏ အပြင်ထွက်စားခြင်း
စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။
မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။
ဒေါက်မြင့်ဖိနပ် စီးခြင်း
သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။  ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။
ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။  ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
ခေါင်းအုံးထူထူပေါ် အိပ်ခြင်း
လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။
လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။
မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားမှိုရောဂါများ
“မှိုက မစိုမခြောက် အခြေအနေကို သဘောကျတယ်။ မိုးတွင်းကျတော့ မိုးရွာတဲ့အချိန်မှာ မိုးရေစိုမယ်၊ မရွာတဲ့အချိန်တွေကျတော့ ချွေးတွေနဲ့ဆိုတော့ အရေပြားကို နှူးသလိုဖြစ်ပြီး ဒီလို မိုးတွင်းအချိန်မှာ အဖြစ်များတတ်ပါတယ်”
ယခုကဲ့သို့သော မိုးရာသီတွင် မိုးတစ်ပြိုက်နှစ်ပြိုက်ခန့် ရွာချပြီးပါက လမ်းမထက်တွင် ရေများအိုင်ထွန်းကာ ကျန်ရစ်ခဲ့လေသည်။ ဆင်ခြေဖုံး ဒေသများတွင်လည်း ရွှံ့ဗွက်အိုင်များ ရေဆိုးအိုင်များဖြင့် လွှမ်းခြုံသွားတတ်သည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ လမ်းမထက်တွင် တင်ကျန်ရစ်သည့် ရေများနှင့် ရေဆိုးအိုင်များမှ ရေဆိုးရေညစ်များသည် လူတို့၏ အရေပြားအား ကောင်းစွာဒုက္ခပေးနိုင်သည့် အရေပြားဆိုင်ရာ ပြဿနာများကို သယ်ဆောင်လာနိုင်ကြောင်း သိရသည်။ ထို့အပြင် ရာသီဥတု ပူပြင်းရာမှ ရုတ်တရက် မိုးရွာချတတ်သည့် ယခုကဲသို့ မိုးတွင်းရာသီတွင် ရာသီဥတုပူပြင်းသဖြင့် ထွက်လာသည့် ချွေးများနှင့် မိုးရွာသဖြင့် ခန္ဓာကိုယ်တွင် စိုစွတ်လာသည့် မိုးရေများက ခန္ဓာကိုယ် အပေါ်ယံအရေပြားအား နှူးသကဲ့သို့ဖြစ်ကာ အရေပြားတွင် မှိုစွဲနိုင်သည့် အခွင့်အရေး ပိုများလာနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ယခုကဲ့သို့သော မိုးရာသီတွင် အဓိကအားဖြင့် မှိုကြောင့်ဖြစ်ပွားတတ်သည့် အရေပြား ရောဂါများဖြစ်သော ပွေး၊ ၀ဲ၊ ညှင်း၊ နှင်းခူ အစရှိသည့် အရေပြား မှိုစွဲရောဂါများ ဖြစ်လေ့ရှိကြကြောင်း အရေပြားအထူးကု ဆရာဝန် က ပြောသည်။ ထိုအထဲတွင် အချို့သော အရေးပြား မှိုစွဲနာများဖြစ်သည့် နှင်းခူ၊ ဝဲစသည့် အရေပြား မှိုစွဲနာများသည် ရာသီမရွေး ဖြစ်ပွားတတ်သော်လည်း မိုးရာသီတွင် ပိုမိုဖြစ်ပွားနိုင်ခြေ များပြားကြောင်း သိရသည်။
ယခုကဲ့သို့သော မိုးရာသီတွင် ဝဲ၊ နှင်းခူစသည်တို့ ဖြစ်ပွားပါက ယခင်ရောဂါအခံ ရှိသူများသည် ဖြစ်ပွားခဲ့ဖူးသည်များပါ ပြန်လည်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။ သို့သော် ယခုကဲ့သို့သော အချိန်တွင် ၀ဲရောဂါ ဖြစ်ပွားပါကလည်း ၀ဲအစိုဖြစ်ပွားနိုင်ပြီး၊ နှင်းခူဖြစ်ပွားပါကလည်း နှင်းခူအစို ဖြစ်ပွားနိုင်ကြောင်း သိရသည်။ မိုးရာသီတွင် အရေပြား မှိုစွဲခံရတတ်သူများသည် ရောဂါအခံရှိသူများ (ဥပမာ-ဆီးချိုရောဂါ ရှိသူများ) ခုခံအားကျဆင်းနေသူများ ဖြစ်ပွားနိုင်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းသူများလည်း မှိုရောဂါ ဖြစ်ပွားနိုင်ခြေရှိကြောင်း သိရသည်။ အလားတူမိုးရာသီတွင် ဖြစ်တတ်သည့် မှိုရောဂါနောက်တစ်မျိုးမှာ ခြေချောင်းများနှင့် လက်ချောင်းများအတွင်းတွင် ခိုအောင်းနေတတ်သည့် ရေများကြောင့် အရေပြားနူးအိပြီး ခြေချောင်း၊ လက်ချောင်းများကြားတွင် အဖြူရောင်အဖတ်များသဖွယ် စွဲကပ်နေတတ်သည့် မှိုရောဂါတစ်မျိုးလည်း ဖြစ်ပွားနိုင်သေးကြောင်း သိရသည်။ “မှိုက မစိုမခြောက် အခြေအနေကို သဘောကျတယ်။ မိုးတွင်းကျတော့ မိုးရွာတဲ့အချိန်မှာ မိုးရေစိုမယ်၊ မရွာတဲ့အချိန်တွေကျတော့ ချွေးတွေနဲ့ဆိုတော့ အရေပြားကို နှူးသလိုဖြစ်ပြီး ဒီလို မိုးတွင်းအချိန်မှာ အဖြစ်များတတ်ပါတယ်”ဟု ဆိုသည်။
အလားတူ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်များကြောင့် အရေပြားတွင်လည်း အနီကွက်များ ဖြစ်ပေါ်လာတတ်သည်။ ထိုသို့ ဖြစ်ပေါ်လာသည့် အနီကွက်များအား သေချာခွဲခြား သိနိုင်ရန်အတွက် တတ်ကျွမ်းနားလည်သည့် ဆရာဝန်နှင့် ပြသရန် လိုအပ်သည်ဟု သိရသည်။ မိုးရာသီတွင် အရေပြား မှိုစွဲခံရခြင်းမှ ကင်းဝေးစေရန် အဝတ်အစားများအား ခြောက်သွေ့စေရန်၊ သေချာစွာလျော်ဖွတ် ၀တ်ဆင်ကြရန် လိုအပ်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်ရန် လိုအပ်သည်။ အဆောင်နေသူများ၊ မိုးထဲရေထဲတွင် အလုပ်လုပ်ရသူများသည် အရေပြားမှိုစွဲခံရရန် အခွင့်အရေး များပြားသဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း သိရသည်။ အကယ်၍ အရေပြားမှိုစွဲခံရပါကလည်း စွဲကပ်ခံရသည့် မှိုအပေါ်မူတည်၍ သောက်ဆေးလိမ်းဆေးများအား မှန်မှန်ကန်ကန်နှင့် စနစ်တကျ သောက်လိမ်းကြရန် လိုအပ်သည်။
ထိုသို့ဆေးလိမ်း ဆေးသောက်ကြရာတွင်လည်း မှိုသတ်ဆေး သီးသန့်သာပါသည့် ဆေးများ လိမ်းရ၊ သောက်ရသည့် မှိုနှင့် စတီးရွိုက်ပါသည့် ဆေးများ လိမ်းရ၊ သောက်ရသည့် မှိုအမျိုးအစားများ ကွဲပြားသည့်အတွက် ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ကြောင်း သိရသည်။ “မှိုစွဲပြီဆိုရင်တော့ မှိုသတ်ဆေး သီးသန့်ပါတာကိုပဲ သီးသန့်လိမ်းရတဲ့ဟာရှိတယ်။ တချို့ကျတော့လည်း စတီရွိုက်ပါတာ လိမ်းရတာတွေရှိတယ်။ ဥပမာ-နှင်းခူလိုဟာမျိုး ဆိုရင်တော့ စတီးရွိုက်ပါတာ လိမ်းရတယ်”ဟု ဒါက်တာလင်းထက်ကပြောသည်။ အခြားမှိုများဆိုလျင်လည်း Clotrimazole, Miconazole အစရှိသည့် မှိုသတ်ဆေး သီးသန့်သာပါသည့် ဆေးများလိမ်းရန်သာ လိုအပ်ကြောင်း သိရသည်။ သို့သော် အရေပြားမှိုစွဲခြင်းသည် ဖြစ်ပွားမှကုသခြင်းထက် မဖြစ်ခင်ကပင် ကြိုတင် ကာကွယ်ထားကြရန် လိုသည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြု ထိန်းသိမ်းကြရန်လိုအပ်သည်ဟု အရေပြား ကျွမ်းကျင်ပညာရှင်များက ဆိုသည်။
(7Day News Journal)
ထိပ်ကပ်(ခပ်)နာ ဆိုတာ
ဘလော့ဂ်ဂါ မိတ်ဆွေတဦးမှ သူခံစားရတာလေး သက်သာအောင် ဘယ်လိုနေရမလဲ မေးလာ တာနဲ့ အားလုံးလည်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး ရရှိစေရန် ဒီပို့စ်လေးကို ရေး သားလိုက်ပါတယ်။
ထိပ်ကပ်(ခပ်)နာဆိုတာ ဘာဖြစ်တာလဲ 
ထိပ်ကပ်(ခပ်)နာ ဆိုတာ လူ့ဦးခေါင်းခွံရိုး အတွင်းမှာရှိနေတဲ့ လေအိတ်ငယ် လေးများ ယောင် ယမ်းခြင်းဖြစ်ပါတယ်။
လေအိတ်ငယ်လေးတွေဆိုတာ ဘယ်နေရာမှာရှိတာလဲ
လူ့ရဲ့ဦးခေါင်းခွံရိုး အတွင်း မျက်ခုံးရိုးတ၀ိုက်၊ ပါးနှင့် မေးရိုးတ၀ိုက် နှင့် နှာခေါင်းရိုးတ၀ိုက်တွင် အခေါင်းပေါက် ပါသော လေအိတ်ငယ်လေးတွေ ပါရှိပါတယ်။ ယင်း လေအိတ်ငယ် လေးများကို ဆေးပညာ အခေါ်အရ sinus ဟုခေါ်ပါတယ်။
လေအိတ်ငယ်လေးများ တည်ဆောက်ပုံနှင့် လုပ်ငန်းတာဝန်
sinus လေးများကို cilia လို့ခေါ်တဲ့ အမွှေးနုလေးများ ပါတဲ့ အမြှေးပါးလေးနဲ့ ဖုံးအုပ်ထားပါ တယ်။ ယင်းအမြှေးပါးလေးမှာ mucus ဆိုတဲ့ အချွဲတမျိုးကို ထုတ်ပေးတဲ့ အလွှာလေးလဲ ပါရှိပါတယ်။ လေအိတ်ခေါ် sinus လေးများဟာ အသက်ရှုသွင်း ရှုထုတ်လုပ်နေသော နှာခေါင်း လမ်းတလျောက်နဲ့ အတွင်းဘက်မှာ ဆက်စပ်လျက် ရှိနေပါတယ်။
sinus ခေါ် လေအိတ်ငယ်လေးများရဲ့ လုပ်ငန်းတာဝန်ကတော့ အသက်ရှုလိုက်တဲ့ လေထုထဲက ပါလာသော ဖုန်မှုန့်နဲ့ 
ပိုးမွှားများကို အချွဲလွှာလေး အတွင်း ဖမ်းယူလိုက်ပြီး အမွှေးနုလေး များရဲ့ တွန်းပို့လှုပ်ရှားမှု နှင့် sinus ရဲ့ သေးငယ်တဲ့ အပေါက်လေးကနေ ထုတ်ပြီး နှာခေါင်း မှတဆင့် အပြင်သို့ ပြန်လည်စွန့်ထုတ် စေပါတယ်။
ထိပ်ကပ်(ခပ်)နာဘယ်လိုစဖြစ်သလဲ
များသောအားဖြင့် ဗိုင်းရပ်စ်ပိုး တခုခုကြောင့် အအေးမိ ဖျားနာတဲ့ အခါမှာ စဖြစ်တတ်ပါ တယ်။ အအေးမိတဲ့အခါ 
ဗိုင်းရပ်စ်ပိုးဟာ လေအိတ်ငယ်များရဲ့ အမြှေးပါးကို ယောင်ယမ်းစေ ပါတယ်။ တဖန် ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုယ်ခံအား
များက ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရန် အမြှေးပါးများမှ အချွဲများကို ပိုမိုထုတ်စေပါတယ်။ ဗိုင်းရပ်စ်ကြောင့် ယောင်
ယမ်းနေတဲ့ လေအိတ်လေးဟာ အချွဲများနှင့် ပိုမိုပြည့်လာပြီး ပိုယောင်ယမ်းလာကာ ဘက်တီးရီးယား ပိုးမျာပါ ၀င်
ရောက်လာပါက ထိပ်ကပ်(ခပ်)နာခေါ် sinusitis ကို စတင်ခံစား ရပါတော့တယ်။
ဘယ်လိုလက္ခဏာလေးတွေ ပြမလဲ
ယောင်ယမ်းနေတဲ့ လေအိတ်လေးတွေ တည်ရှိတဲ့နေရာကို မူတည်ပြီး အနည်းငယ်စီ ကွဲပြားပါတယ်။ များသော
အားဖြင့် ဖျားခြင်း၊ နုံးချိပြီး အားမရှိဖြစ်ခြင်း၊ ချောင်းဆိုးခြင်း ၊ နှာရည် အဆက်မပြတ် ကျခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ 
အပြင်
(၁) အအေးမိဖျားနာနေတဲ့ ရက်အတွင်း မနက်နိုးလာတာနဲ့ မျက်ခုံးရိုးတ၀ိုက် ကိုက်ခဲခြင်း၊ ကိုယ်ကို အရှေ့နဲနဲ ကိုင်းတဲ့
     အခါ ဦးခေါင်း အရှေ့ဘက်မှ ကိုက်ခဲမှုတခုခုကို ခံစားရခြင်း။
(၂) ပါးနှင့်မေးရိုး တ၀ိုက်မှ လေအိတ်လေးများ ယောင်ယမ်းမှုကြောင့် အပေါ်မေးရိုး တလျောက် နာကျင်ခြင်း၊ 
သွားကိုက်ခြင်း။
(၃) မျက်ဝန်းနှခုကြား လေအိတ်လေးများ ယောင်ယမ်းပြီး မျက်ဝန်းတ၀ိုက် ကိုက်ခဲခြင်း၊ မျက်ခွံ လေးများပါ 
ယောင်ယမ်းခြင်း အစရှိသည် တို့ကိုပါ ခံစားရတတ်ပါတယ်။
ပျောက်အောင် ဘယ်လိုကုရမလဲ
လေအိတ်လေးများဟာ ဦးခေါင်းခွံရိုး အတွင်းမှာ ရှိနေတဲ့ အတွက် ဦးနှောက်နဲ့ တည်ရှိမှု အရမ်း နီးကပ်ပါတယ်။ 
ခဏတာ ခံစားရတဲ့ ဝေဒနာဆိုပြီး ပေါ့လို့မရပါဘူး။ ပဋိဇီဝ ပိုးသတ် ဆေးတချို့ကို သင့်ရဲ့ ဆရာဝန်မှ ညွှန်ကြားပါလိမ့်
မယ်။ ပိုးသတ်ဆေးများကို ညွှန်ကြားတဲ့ အချိန်ကာလ အပြည့်သောက် ပေးရပါမယ်။ ၂ရက်လောက် သောက်ပြီး 
သက်သာလို့ ဖြတ်လိုက်ရင် ပိုးကခဏဘဲ ငြိမ်သွားပြီး နောက်တကြိမ်မှာ ဆေးကို ယဉ်သွားတတ် ပါတယ်။
ပြန်ဖြစ်တတ်သလား
အေးတဲ့ ရာသီဥတုမှာ နေတဲ့သူတွေ လေထုထဲက ပါတဲ့ ပန်းဝတ်မှုန်တချို့နဲ့ မတည့်ဘဲ Allergy ဖြစ်ကာ နှာရည်ခဏ
ခဏယို တတ်တဲ့သူတွေ၊ ပန်းနာရင်ကျပ် ရှိတဲ့သူတွေ၊ ကိုယ်ခံအား ကျဆင်းနေတဲ့ သူတွေ၊ ဖုန်မှုန့်များနှင့် ညစ်ညမ်း
တဲ့ လေထုကို ရှုရှိုက်ရတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေဟာ ဒီဝေဒနာကို ခဏခဏပြန်ခံစားရ တတ်ပါတယ်။
ဆေးဝါးအကူအညီ အပြင် ဒါလေးတွေပါ လုပ်ကြည့်မယ်။
ဆေးဝါးမှီဝဲပြီး တဘက်က ပိုးသေအောင် လုပ်တဲ့အပြင် ကိုယ်တိုင်လုပ်နိုင်တဲ့ အချက်လေးတွေ နဲ့ပါ သက်သာအောင် လုပ်ကြည့်နိုင်ပါတယ်။
(၁) ပြည့်ပြည့်၀၀ အနားယူပါ။ ကိုယ်ခံအား ကောင်းပြီး ခဏခဏ အအေးမမိစေရန် ထိန်းသိမ်း ပါ။ အာဟာရပြည့်ဝစွာ
      စားပြီး အိပ်ချိန်မှန်ပါစေ။
(၂) ပက်လက်လှဲ အိပ်နေခြင်းက နှာခေါင်းကို ပိုပိတ်စေပါတယ်။ ကိုယ်အသက်ရှုလို့ ကောင်းတဲ့ ဘက်ကို တဘက်
       စောင်းပြီး အိပ်ပေးပါက သက်သာစေပါတယ်။
(၃) ပူနွေးသော အရည်များကို မကြာမကြာ သောက်ပေးပါက နှာရည်ယို နှာပိတ်တာကို သက်သာ လျော့နည်းစေပါ
       တယ်။
(၄) အ၀တ်စလေးကို ရေနွေးငွေ့ငွေ့လေးထဲ စိမ်ပြီး ယင်းအ၀တ်နွေးနွေးလေးကို မျက်နှာနှင့် နှာခေါင်းရိုး ပေါ်ကပ်ပေးပြီး အပူနွေးနွေးလေး ပေးတာကလဲ သက်သာစေပါတယ်။
(၅) ရာသီဥတု သိပ်အေးတဲ့ နိုင်ငံတွေမှာ အိမ်တွင်း အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ Equipment တခုခုကို တပ်ဆင်ထားပါ။
(၆) လေယာဉ် စီးတဲ့အခါမှာ ဖိအားမတူမှုကြောင့်လည်း လေအိတ်လေးတွေ ပိတ်ပြီး ပြန်ဖြစ်တတ်ပါတယ်။ လေယာဉ်နဲ့ ခရီးသွားစရာ ရှိလျင် သင့်ရဲ့ဆရာဝန် နဲ့တိုင်ပင်ပြီး အယောင် သက်သာ စေသော နှာခေါင်းအတွင်း အစက်ချပြီး သုံးရ
တဲ့ decongestant nasal drop တခုခုကို ကြိုသုံးသွားပေးပါ။
ဒါလေးတွေတော့ ရှောင်နော်
(၁) မျက်ခုံးရိုး တ၀ိုက် ယောင်ယမ်းကိုက်ခဲနေချိန်မှာ အာရုဏ်စူးစိုက်ပြီး တီဗွီကြည့်ခြင်း၊ ကွန်ပျူတာ screen ကိုကြည့်ခြင်း၊ စာဖတ်ခြင်း စတာတွေ မလုပ်မိပါစေနဲ့။
(၂) ကိုယ်နဲ့ မတည့်တဲ့ အရာများ (Allergen) ၊ ဖုန်ထူတဲ့ နေရာတွေကို သတိထားရှောင်ပါ။ တခုခုကို Allergic ဖြစ်ပြီး နှာရည်ယိုခြင်းကနေ ထိပ်ကပ်(ခပ်)နာ ပြန်ဖြစ်တတ်ပါတယ်။
(၃) အရက်သောက်သုံး ခြင်းနှင့် စီးကရက်ငွေ့များက လေအိတ်လေးရဲ့ အမြှေးပါးကို ပြန်ယောင်ယမ်း စေတတ်ပါတယ်။                       တတ်နိုင်သမျှ ရှောင်ပါ။
(၄) ရေကူးကန်မှာ သုံးတဲ့ ကလိုရင်း ( chlorine)ဆေး ဓါတ်ကလည်း ထိပ်ကပ်(ခပ်)နာ ဖြစ်သူ အများစုနဲ့ မတည့်တတ်ပါ
      ဘူး။
(၅) ရေအောက်ငုပ်ခြင်း (Diving) လုပ်သူတွေမှာ ရေငုပ်တဲ့အချိန် ရေများဟာ အရှိန်ဖိအား နဲ့ နှာခေါင်းမှ တဆင့် 
မိုး သင်ကြားခဲ့ရသမျှလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
ရာသီမလာခင် ဖြစ်ချင်တာတွေ Premenstrual syndrome (PMS)
ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လတိုင်း ရာသီလာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစားလွယ်ပြီး၊ ဘာမှမဟုတ်တဲ့ အကြောင်းအရာလေး ပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။
အကြောင်းအရာ သေးသေးလေးပေါ်မှာလည်း ဒေါသအကြီးကြီး ထွက်နေတတ်ပါတယ်။ ဘာမှ မဟုတ်တာလေး နဲ့လည်း ရင်ထဲမှာ ဝမ်းနည်း ထိခိုက်လွယ်ပါတယ်။
အဲလို ရက်နီးရင် ကျွန်မက သိပ် Sensitive ဖြစ်တော့ ဘာမှ မဟုတ်တာလေးနဲ့လည်း အမျိုးသားနဲ့ စကားများ ရန်ဖြစ်ရပါတယ်။ အဲဒါက ကိုယ့်ကိုကိုယ် သတိထားမိတာပါ။ ကျွန်မလည်း အဲလိုမျိုး မဖြစ်ချင်ပါဘူး။ ဒေါသလည်း မဖြစ်ချင်သလို၊ ထိခိုက် ခံစားလွယ်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါဟာ ပြုပြင် ပြောင်းလဲလို့မရတဲ့ သဘာဝပဲလား၊ တခုခုများ အကောင်းဘက်ကို ပြင်ဆင်လို့ ရမလားဆိုတာကို သိချင်ပါတယ်ရှင်။ ပြီးတော့ အဲလိုစိတ်မျိုး နဲ့ ဆို သွေးဆုံးမယ့်အချိန်ဆိုရင် ကျွန်မ ဘယ်လို နေမလဲလို့ တွေးပြီး တော်တော်လေး တုန်လှုပ်မိပါတယ်။ ကျွန်မအသက်က ခုမှ ၂၃ ပါ၊ ဒါပေမယ့် ကျွန်မ သိထားသင့်တယ် ထင်လို့ပါ။ အဲဒါ ဘယ်လို ဆင်ခြင် နေ ထိုင်သင့်သလဲ။
မိန်းကလေးတယောက် မွေးလာတာနဲ့ သူမှာ မ-မျိုးဥပေါင်း ၄ သိန်းခွဲ ရှိနေမယ်။ အသက် ၁၃-၁၄ နှစ် ရောက် လာတာနဲ့ မျိုးဥအိမ်ကနေ ဟော်မုန်းတွေ ထွက်လာပြီ။ Follicle Stimulating Hormone (FSH) နဲ့ Leutenizing Hormone (LH) ဆိုတဲ့ ဟော်မုန်းတွေက လုပ်ပေးတယ်။ မျိုးဥလေးတွေ တလ တလုံးကျ ရင့်မှည့်လာကြမယ်။ ရာသီ ဆိုတာဆင်းပြီ။ တယောက်မှာ တလကို ရာသီသွေး ၂ဝ-၈ဝ စီစီ (၁-၂ အောင်စ) ဆင်းတယ်။
ဦးနှောက်ထဲမှာ Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ဆိုတဲ့နေရာရာက အရေးပါတယ်။ ရေငတ်တတ်တာ၊ ထမင်းဆာတတ်တာ၊ အိပ်ခြင်တာ၊ ရာသီဖြစ်တာ၊ လိင်စိတ်ဖြစ်တာ၊ မျိုးပွါးစေနိုင်တာတွေကို ဒီနေရာကနေ ထိန်းချုပ်တယ်။ မရှက်တရား သုံးပါးလုံးး ဆိုပါတော့။
ရာသီမလာခင် ဖြစ်ခြင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ သဲသဲကွဲကွဲ မသိကြပါ။ အဲလိုမသိလေလေ ဖြစ်နိုင်ခြေ-သီအိုရီတွေ များလေပေါ့။
မေးတဲ့သူ ပြောပြတာတွေက Book picture ဆေးစာအုပ်ထဲကနဲ့ တူလှတယ်။ လူအတော်များများဟာ ကိုယ်ဖြစ်နေ တာကို အသေအခြာ မပြောတတ်ကြပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ Emotional စိတ်လှုတ်ရှားမှု (ဝမ်းသာ-ဝမ်းနည်း)၊ Mood swings စိတ်မူ အပြောင်းအလဲတွေ ဖြစ်တယ်။ တချို့မှာ မသိသာပေမဲ့ တချို့ကြ ပြဿနာ ကြီးတဲ့အထိ ရှိတယ်။ ရာသီလလယ်ရက် မျိုးထွက်လိုက်တာနဲ့ ဒါတွေ တခုမဟုတ် တခု၊ တခုမကလဲ ဖြစ်တယ်။ ရာသီသွေး ဆင်းတာနဲ့ ဆရာဝန်မပါဘဲ ပြန်ကောင်းသွားပြီ။
ရုပ်ပိုင်းပြောင်းတာတွေက -
• Fatigue အားယုတ်နေတာ၊
• Bloating ရင်ကယ်နေတာ၊
• Breast tenderness ရင်သားနာတာ၊
• Acne ဝက်ခြံထွက်တာ၊
• Appetite changes စားခြင်စိတ် မတူဖြစ်လာတာ၊
• Food cravings ခြင်ခြင်းတပ်တာ။
• ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ခံစားရတယ်။
• Uterine cramping သားအိမ်နေရာ နာတာက အတော် ဆိုးတတ်တယ်။ သူ့မှာလဲ ၂ မျိုးရှိတယ်။ Prostaglandins သတ္တိကြောင့် Constriction ညှစ်တာ-တင်းတာတာနဲ့ Relaxation လျော့တာဖြစ်ရလို့ Spasmodic cramping ခေါ်တယ်။ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလဲ ခံစားရတတ်တယ်။
စိတ်မူအပြောင်းအလဲက အရေးပါတယ်။ Crying ငိုခြင်ငိုမယ်၊ Oversensitivity သိပ်အကဲဆတ်မယ်၊ Rapidly changing အလျင်အမြန် ပြောင်းလဲပြီး Unpredictable moods ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ အလွယ်ပြောရရင် ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူတယောာက်ထဲကိုသာမက သူ့မိသားစု၊ အသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။
• Depression စိတ်ဓါတ်ကျတယ်၊
• Sadness ဝမ်းနည်းတယ်၊
• Lack of motivation စိတက်ကြွမှု နည်းမယ်၊
• Irritability စိတ်တိုတယ်၊
• Aggression ဇွတ်လုပ်ခြင်တယ်၊
• Less patience သည်းခံစိတ် လျော့မယ်၊
• Increased stress ပူပင်စိတ် များမယ်၊
• Anxiety စိုးရိမ်စိတ် ကဲမယ်၊
• Nervousness ဂနာမငြိမ် ဖြစ်နေမယ်၊
• Melancholy ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်၊
တချို့မှာ Relief အပေါင်းလက္ခဏာ ဆောင်တာမျိုး ခံစားရတယ်။
• Release လွတ်လပ်သွားသလို၊
• New beginning အသစ် အစပျိုးလာသလို၊
• Invigoration အားအင် ပြန်ပြည့်သလို၊
• Connection with nature သဘာဝနဲ့ ပိုနီးစပ်တယ် ထင်သလိုလို၊
• Creative energy စိတ်သစ် ရလာလာတာလိုလို၊
• Exhilaration လွတ်မြောက်တာလိုလို၊
• Increased sex drive လိင်စိတ်ပိုလာမယ်၊
• More intense orgasms လိင်စိတ်ပြည့်ဝမှုကို ပိုခံစားရမယ်။
PMS ရာသီလာလို့ ခံစားရတာတွေ သက်သာအောင် ကိုယ့်ဖါသာ ပြုပြင်လို့ နိုင်တာတွေ ရှိပါတယ်။ Lifestyle changes လူနေမှုပုံစံ ပြုပြင်ပေးတာနဲ့ ကောင်းနိုင်သူတွေရှိတယ်။
• အာဟာရ ပြည့်ဝအောင်စားပါ၊ အိပ်ရေးပျက်တာ ပြုပြင်ပါ၊
• Alcohol အရက်၊ Caffeine (ကေဖင်း) ပါတဲ့အစာ၊ Meat အသား၊ Fatty foods ဆီများတာ နဲ့ Refined Sugar သကြားတွေက ပိုဆိုးစေတယ်။
• ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။
• Drink ginger root tea ချင်းပြစ်ပြုတ်သောက်တာ ကောင်းတယ်၊
• Breathe deeply အသက်ပြင်းပြင်းရှူပါ၊
• ကိုယ့်အတွက် အချိန်ကို ယူပါ။
• Orgasm လိင်စိတ် ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။
• Exercise ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။
• Socialize လူတော-သူတော ဝင်ရောပါ။
ရာသီလာတုံး သုံးရတဲ့ အတွင်းခံပစ္စည်းကို Chlorine-free biodegradable 100% cotton tampons သုံးသင့်တယ်လို့ နောက်ဆုံး သုတေသနက ဆိုပါတယ်။ Organochlorines ဓါတုဆေးကနေ ကင်ဆာ ဖြစ်စေတယ်ထင်လို့ပါ။ စီးပွါးရေးလဲ တွက်ခြေကိုက်တာမို့ LunaPads International, Eco-Logique.com, Glad Rags, Pandora Pads, Jade and Pearl, Feminine Options နာမယ်တွေလဲ အမျိုးမျိုးနဲ့ ရောင်းပါတယ်။ Diva cup ခေါ်တဲ့ Organic Tampon (အော်ဂဲနစ်-တမ်ပွန်) တွေလဲ ရှိသေးတယ်။
ဆေးတွေလဲ သုံးရတတ်တယ်။
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• Analgesics (Ibuprofen, Naproxen and Mefenamic acid အနာ-အကိုက် သက်သာဆေးတွေ သောက်နိုင်တယ်။
• Oral contraceptive pills (OCPs) ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
• Ovarian suppressors (Danazol) မျိုးဥအိမ်ကို နှိမ်တဲ့ဆေးက ဘေးထွက်-ဆိုးကျိုးများတယ်။
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• Vitamin B, C, B6, Calcium and Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေ သောက်နိုင်တယ်။
• Herbal ထဲက Flaxseed Capsules, Valerian, Kava Kava နဲ့ St. John’s Wort ဆေးသောက်နိုင်တယ်
လိုအပ်ရင် စိတ်အထူးကု-ဆရာဝန်နဲ့ ကုသရမယ်။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။ Menopause သွေးဆုံး-သားဆုံး ကိုလဲ ဖတ်ပါ။ အဲဒါဖြစ်လဲ စိတ်ရော၊ ရုပ်ပါ အတော် ခံစားကြရတာ။ ဒါပေမဲ့ သွေးဆုံးဘို့ အနှစ် ၂ဝ မက လိုပါသေးတယ်။ ဒီကြားမှာ ဆေးကောင်း-ဝါးကောင်းတွေ မပေါ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။
Dr. တင့်ဆွေ................
ယောက်ျားလေးတစ်ယောက်ကို တကယ်ချစ်ရင်...78 ချက်ထဲက ဘယ်နှစ်ချက် လုပ်နိုင်သလဲ
၁။ email / facebook password ကို သူ မပေးရင် မတောင်းပါနဲ့...
၂။ သူ့ကို ယုံကြည်ပါ....
၃။ သူ့ကို အကျပ်မရိုက်ပါစေနဲ့...
၎။ သူ့ကို စဉ်းစားခွင့်ပေးပါ....
၅။ သူ့ကို နားလည်ပေးပါ...
၆။ သူ့ကို စာနာပေးပါ....
၇။ သူ့ကို ဦးဆောင်ခွင့်ပေးပါ...
၈။ သူ့ဆီက အကြံဥာဏ်ရယူပါ...
၉။ သူ့ရဲ့မိသားစု ကို နားလည်ပေးပါ
၁၀။ သူ့ကို ဘုကန့်လန့်မပြောပါနဲ့....
၁၁။ သူ့ကို အထင်သေးတဲ့ စကား မဆိုပါနဲ့....
၁၂။ အကြောင်းရင်း မရှိ အလကားနေရင်း စိတ်မကောက်ပါနဲ့...
၁၃။ သူ ဖုန်းဆက်ရင် ချက်ချင်းကိုင်ပါ...
၁၄။ သူ မက်ဆေ့ခ်ျပို့ရင် စက္ကန့် ၂၀ ထက် ပိုမကြာပဲ အကြောင်းပြန်ပါ....
၁၅။ online သုံးတဲ့အခါ ...သူရှိမရှိ အရင်ကြည့်ပါ....
၁၆။ သူ့ရဲ့ စေတနာစကားကို ပေါ့ပျက်ပျက် မလုပ်ပါနဲ့....
၁၇။ အမြဲတမ်း ကလေး မဆန်ပါနဲ့ ...
၁၈။ နေရာတကာ သူ့ထက်သိတဲ့ ပုံစံမျိုးမလုပ်ပါနဲ့....
၁၉။ မနက်တိုင်း နှုတ်ဆက်စကား ဆိုပါ ...အနည်းဆုံး မက်ဆေ့ခ်ျပို့ပါ....
၂၀။ သူနဲ့ တွေ့တိုင်း အနမ်းပေးပါ....
၂၁။ သူ့မွေးနေ့ကို မှတ်ထားပါ....
၂၂။ သူ့ရဲ့ လစာကို မမေးပါနဲ့....
၂၃။ သူ့ရဲ့ အိပ်မက်ကို ပျက်ရယ် မပြုပါနဲ့...
၂၄။ သူနမ်းတဲ့အခါ မျက်စိ မှိတ်ထားပေးပါ....ဆံနွယ်တွေကို နမ်းခွင့်ပေးပါ
၂၅။ သူကြိုက်တတ်တဲ့ အရာတွေ ကို မှတ်ထားပါ...
၂၆။ သူ မကြိုက်တဲ့ ပစ္စည်းတွေကိုလဲ စာရင်းပြုစုထားပါ...
၂၇။ သူ မကြိုက်တဲ့ အကျင့်တွေကို ပြင်ပါ....
၂၈။ သူ့မိဘတွေနဲ့  အဆင်ပြေအောင် နေပေးပါ...
၂၉။ သူ ၀ါသနာပါရာ အလုပ် ကို နားလည်ပေးပါ....အပြစ်မမြင်ပါနဲ့......သင့်ကို ဥပေက္ခာပြုထားတယ်လို့ မထင်ပါနဲ့...
၃၀။ သူ့ရဲ့ အကျင့်ကို သိထားပေးပါ... တကယ်လို့ ပြင်စေချင်တယ်ဆိုရင် နားဝင်အောင် စေတနာထားပြီး ပြောပါ...အော်ဟစ်ပြောဆိုခြင်း မလုပ်ပါနဲ့...
၃၁။ သူပြောတဲ့  စကားတွေကို မှတ်ထားပေးပါ...
၃၂။ ချိန်းထားတဲ့ နေရာမှာ သူ့ကို နာရီဝက်ထက် ပိုမစောင့်ခိုင်းမိပါစေနဲ့...
၃၃။ ဘေးကျပ်နံကျပ်မေးခွန်းမျိုး မမေးပါနဲ့....
၃၄။ သူနဲ့ သွားတဲ့ အခါ သူ့ရဲ့ လက်ကို ချိတ်ထားပေးပါ...သူ ခါးဖက်တာ ခံနိုင်ရည်ရှိပါစေ....
၃၅။ သူ online မှာ ရှိတဲ့ အခါ ဘယ်ကောင်မလေးနဲ့ ကျူနေတာလဲ စသဖြင့် စကားတွေနဲ့ စတင် မထိုးနှက်ပါနဲ့....
၃၆။ သူ့ရဲ့ ဆွေမျိုးတွေကို နားလည်ပေးပါ...တည့်အောင်နေပါ...
၃၇။ သူ့ဆွေမျိုးတွေရဲ့ အတင်းအဖျင်းကို သူ့ကို မပြောပါနဲ့....
၃၈။ ထမင်းမစားခင် သူ့ကို ဖုန်းဆက်ပြီး ထမင်းစားပြီးပြီလားလို့ မေးပါ...
၃၉။ သူနေမကောင်းတဲ့အခါ...ဆေးခန်းလိုက်ပို့ပေးပါ....
၄၀။ သူ အလုပ်အဆင်မပြေတဲ့အခါ...သင့်ရဲ့ ဆန္ဒကို မျိုသိပ်ထားပေးပါ....
၄၁။ သူ စိတ်ဓာတ်ကျတဲ့အခါ... အားပေးစကားဆိုပါ...
၄၂။ သင် သူ့ကို ဘယ်လောက်ချစ်ကြောင်း...အမူအရာများနဲ့ ပြသပါ....
၄၃။ အရင်တုန်းက ရည်းစားဟောင်းနဲ့ သူ့ကို မနှိုင်းယှဉ်ပါနဲ့...
၄၄။ သူ့ရည်းစားဟောင်းအကြောင်းကို အကုန်လိုက်မမေးပါနဲ့....
၄၅။ အကြောင်းတစ်ခုခု ရှိရင် သူနဲ့ တိုင်ပင်ပါ...
၄၆။ ဈေးဝယ်ထွက်တဲ့အခါ .... သူနဲ့ စကားပြောပါ...၀ယ်မဲ့အရာကိုပဲ အာရုံမစိုက်ပါနဲ့...
၄၇။ သူ့မွေးနေ့မှာ မွေးနေ့လက်ဆောင်ပေးပါ...
၄၈။ သူ့မွေးနေ့မှာ အစောဆုံး မွေးနေ့ ဆုတောင်းပို့ပေးပါ...
၄၉။ အိမ်ပြန် ခွဲခွာခါနီးတိုင်း သူ့ကို အနမ်းပေးပါ....
၅၀။ သူကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်တတ်အောင် သင်ယူထားပါ....
၅၁။ သူ သင့်လက်ရာကို မြည်းစမ်းခွင့်ရပါစေ...ချက်ပြုတ်ကျွေးပါ...
၅၂။ သူမကြိုက်တဲ့ တခြားယောက်ျားလေးအကြောင်း သူ့ရှေ့မှာ မပြောပါနဲ့....
၅၃။ သူရှင်းပြတဲ့အခါ...သေချာနားထောင်ပါ...လုံးဝအရေးမစိုက်တာမျိုးမလုပ်ပါနဲ့....
၅၄။ သူ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ မိတ်ဆက်ပေးခွင့်တောင်းပါ...
၅၅။ သင့် သူငယ်ချင်းတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါ....
၅၆။ သင့်မိဘတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါ...
၅၇။ အမြဲ နားပူနားဆာ မလုပ်ပါနဲ့...အခြေအနေကို အကဲခတ်ပါ...နေသာမှ ကြေညာပါ...
၅၈။ သူမသိသေးတဲ့ အကြောင်းအရာတစ်ခု ပြောတဲ့အခါ ဒါလေးတောင်မသိဘူးလား လို့မပြောပါနဲ့...အဲလိုတော့ ကြားမိတယ် ကြားဖူးတယ် စသဖြင့် ပြောဆိုပါ...
၅၉။ သူနဲ့ စကားပြောတဲ့အခါ...စကားနာမထိုးပါနဲ့...
၆၀။ စကားတစ်ခွန်းကို ထပ်ခါတလဲလဲ နားငြီးအောင် မပြောပါနဲ့.......
၆၁။ အိမ်ပြန်နောက်ကျတဲ့အခါ...သူ့ကိုလာကြိုပေးဖို့ တောင်းဆိုပါ...
၆၂။ သူ့ကို စိတ်ကောက်ရင် ၄ ရက်ထက်ပိုမကြာပါစေနဲ့...နားလည်အောင် ညှိနှိုင်းပါ...
၆၃။ လူမှုရေး ဘာသာရေး ၀ါသနာပါတဲ့သူဖြစ်ရင် သူ့အလုပ်ကို ပံ့ပိုးပေးပါ...
၆၄။ သူ့ရှေ့မှာ တခြားကောင်လေးတွေကို စိုက်ကြည့်တာမျိုးမလုပ်ပါနဲ့....
၆၅။ သူတောင်းပန်တဲ့အခါ...သူ့ကို ရှင်းပြခွင့်ပေးပါ.....ကိုယ်ပြောချင်ရာကို တစ်ဘက်သတ်မပြောပါနဲ့...
၆၆။ သူ့ဖုန်းကို ချပစ်တာမျိုးမလုပ်ပါနဲ့...
၆၇။ သူ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ သောက်စားတဲ့အခါ ...နားလည်ပေးပါ....
၆၈။ သူ့အလုပ်က မိန်းကလေးတွေနဲ့ ပတ်သက်ရတဲ့ အလုပ်မျိုးဆိုရင် သ၀န်တို မနာလို မဖြစ်ပါနဲ့...သင့်ကို တကယ်ချစ်တဲ့ ယောက်ျားကောင်းဟာ မဖောက်ပြန်ပါဘူး...
၆၉။ သူ့မိတ်ဆွေ မိန်းကလေးတွေနဲ့ စကားပြောရင် နားလည်ပေးပါ...
၇၀။ သူ့ရှေ့မှာ ရဲတင်းတဲ့ အပြုအမူမလုပ်ပါနဲ့... ရှက်တဲ့ ပုံစံ မျိုး ပြုမူပါ...
၇၁။ သင့်ရဲ့ ဆံနွယ်တွေကို သန့်ရှင်းအောင် အမြဲထားပါ....ကျန်းမာရေးနဲ့ညီညွတ်အောင် သန့်ရှင်းစွာ နေထိုင်ပါ
၇၂။ အလိုက်သိတတ်မှုရှိပါစေ....
၇၃။ အိမ်မှုကိစ္စ နိုင်နင်းအောင် သင်ယူထားပါ...
၇၄။ ကလေး ချစ်တတ်ပါစေ....
၇၅။ သူနဲ့ပတ်သက်တဲ့ ဘေးစကားကို မယုံပါနဲ့... သေချာလေ့လာပြီးမှ သူနဲ့ ဆွေးနွေး ဖွင့်ပြောပါ....
၇၆။ သူကြိုက်တတ်တဲ့ သီချင်းတွေကို မှတ်သားထားပါ....
၇၇။ သူ စိတ်ဆိုးတဲ့အခါ...သူနဲ့ သေချာ ဆွေးနွေးပါ...သင့်ရဲ့အမှားကို ၀န်ခံပါ... တောင်းပန်စကားဆိုပါ....
၇၈။ သူုကို စိတ်ဆိုးလို့ လမ်းခွဲစကား ကို လွယ်လွယ် မဆိုပါနဲ့ ..
သလ္လ၀တီ Blog......... 
စတို စာရင်း ဘယ်လို Control လုပ်မလဲ
စတိုပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုလှောင်ထားခြင်း လိုအပ်သည်ထက်လျော့ နည်းလှောင်ထားခြင်း တို့ကြောင့် လုပ်ငန်းကို လွန်မင်းစွာ ထိခိုက်နိုင်ပါသည်။ လုပ်ငန်းကို မထိခိုက်ရလေအောင် စတိုပစ္စည်းများကို  လိုအပ်သည်ထက် များလည်းမများအောင်၊ နည်းလည်းမနည်းအောင် သိုလှောင်ထားရန် လိုအပ်ပါသည်။  လိုအပ်သည်ထက် ပိုမို လှောင်ထားခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်တတ်သော ချွတ်ယွင်း အားနည်းချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
စတိုပစ္စည်းများကို ပိုမို သိုလှောင်ထားခြင်းကြောင့် ဖြစ်ပေါ်လာသော ချွတ်ယွင်းချက်များ။
(က)Capital Costs (အရင်းအနှီးပိုမိုကုန်ကျခြင်း)
(ခ)Space Cost (ထားသုံးရန်နေရာစရိတ်ပိုမိုကုန်ကျခြင်း)
(ဂ)Equipment Cost (လုပ်ငန်းသုံးပစ္စည်းစရိတ်ပိုမိုကုန်ကျခြင်း)
(ဃ)Personal Costs (၀န်ထမ်းစရိတ်ပိုမိုကုန်ကျခြင်း)
(င)Insurance (အာမခံကြေးပိုမိုကုန်ကျခြင်း)
(စ)Deterioration (ပျက်စီးယိုယွင်းမှုပိုများခြင်း)
(ဆ)Obsolesence (ခေတ်ကုန်အသုံးမ၀င်ဖြစ်မှုပိုများခြင်း)
ကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမို သိုလှောင်ထားခြင်းကြောင့် အထက်ပါ စရိတ်များ ပိုမိုကုန်ကျရသဖြင့်  လုပ်ငန်း၏ အသားတင် အမြတ်ကို ထိခိုက်စေပါသည်။ စတိုပစ္စည်းများကို လျော့နည်း သိုလှောင်ထားခြင်းကြောင့်  တချိန်မဟုတ် တစ်ချိန်တွင် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်သွားနိုင်ပါသည်။
ယင်းသို့ ပြတ်လပ်ပါက -
(က)ကုန်ထုတ်လုပ်မှုမရှိဘဲလုပ်ခများ၊ ပုံသေ၀န်ဆောင်စရိတ်များ ကုန်ကျရခြင်း။
(ခ)ကုန်ထုတ်မှုပမာဏ ကျဆင်းသွားသည်နှင့်အမျှ ကုန်ရောင်းပမာဏ ကျဆင်းသွားမည်ဖြစ်ရာ၊ ယင်းကျဆင်း သွားသော  ကုန်ရောင်း ပမာဏပေါ်မှာ ရသင့် ရထိုက်သည့် အမြတ်များ ဆုံးရှုံးရခြင်း။
(ဂ)ဖောက်သည်များ မှာကြားထားသော ကုန်များကို အချိန်မီ မတင်ပို့နိုင်ခြင်း၊ သတ်မှတ်ရက်ထက် နောက်ကျမှ တင်ပို့သဖြင့် ရရှိထားသော ကုန်အမှာစာ ပယ်ဖျက်ခံရခြင်း၊ နာမည်ပျက်ခြင်း၊ လျှော်ကြေးပေးရခြင်း။
(ဃ)၀ယ်ယူရေး စရိတ်များ အလွန်အမင်း ပိုမိုကုန်ကျခြင်း၊ အရေးတကြီး ၀ယ်ယူရသည့် အခါများ၌ မြန်မြန်ဆန်ဆန်  အချိန်မီ ရရှိရန်အတွက် ကုန်ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ခများကို သာမန်အချိန် ဈေးနှုန်းများထက် (အမြန်ကြေး)  ပိုမို ပေးရတတ်ပါသည်။
(င)ကုန်ထုတ်လုပ်မှု အစီအစဉ် ဖရိုဖရဲဖြစ်ခြင်း၊ ကုန်ထုတ်လုပ်မှုသည် မှန်မှန်ထုတ်လုပ်နေမှသာ ကုန်ထုတ်လုပ်ငန်းတွင်  ၀န်ထမ်းများစွမ်းရည် ပြည့်ဝလာကြပါမည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း ပြတ်တောင်းပြတ် တောင်းဖြစ်နေပါက မလိုလားအပ်သော ကုန်ကျစရိတ်များ တိုး၍ ကုန်လာနိုင်ပါသည်။
စတိုတစ်ခုတွင် အမျိုးအစား ကွဲပြားခြားနားသော စတိုပစ္စည်းအမျိုးပေါင်း ရာပေါင်းများစွာ ရှိမည်ဖြစ်ရာ၊  ယင်းပစ္စည်းများအနက် ပစ္စည်းတမယ်မယ်ကို လိုအပ်သည့်အချိန်တွင် မရရှိနိုင်ပါက၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း  ရပ်ဆိုင်းသွားမည်ဖြစ်ရာ စတိုပစ္စည်းများကို ထိထိရောက်ရောက် ကွပ်ကဲရန်မှာ မည်မျှ အရေးပါသည်ကို အထူးရှင်းပြရန်ပင်  လိုမည်မထင်ပါ။
ဒါကြောင့်  စတိုပစ္စည်းများကို သေချာ တွက်ချက်  ကြီးကြပ်ရန် လိုအပ်ပါတယ်။ စတိုပစ္စည်းများကို လိုအပ်သည်ထက် ပိုမို သိုလှောင်ထားခြင်းကြောင့် လုပ်ငန်းတွင် ထိခိုက်မှုရှိသဖြင့်  လိုအပ်သည်ထက် ပိုမို သိုလှောင် ထားခြင်းမျိုး မဖြစ်ရအောင် စတိုတွင် ထားရှိရမည့် ပစ္စည်းတစ်မျိုးစီ၏ အမြင့်ဆုံး (အများဆုံး) ထားရှိရမည့် အရေအတွက်ကို  သတ်မှတ် ပေးရပါမည်။ စတိုတွင် သိုလှောင်ရာ၌ ယင်းအများဆုံး အရေအတွက်ထက် မကျော်လွန်စေရန် ကြည့်ရှု ကွပ်ကဲရန် လိုအပ်ပါသည်။
စတိုပစ္စည်းများကို လိုအပ်သည်ထက် လျော့နည်း သိုလှောင် ထားခြင်းကြောင့် လုပ်ငန်းတွင် ထိခိုက်မှုရှိသဖြင့်  လိုအပ်သည်ထက် လျော့နည်း သိုလှောင်မှုမျိုး ဖြစ်စေရန် အနိမ့်ဆုံးထားရှိရမည့် အရေအတွက်ကို သတ်မှတ်ပေးရပါမည်။ ယင်းသို့ သတ်မှတ်ထားသော အနိမ့်ဆုံး  (အနည်းဆုံး) ရှိရမည့် အရေအတွက်အောက်သို့ ရောက်ရှိ မသွားစေရန်အတွက် ကြပ်မတ်ကြည့်ရှုရန် လိုအပ်ပါသည်။
စတိုပစ္စည်းများ၏ အနိမ့်ဆုံး လက်ကျန် အရေအတွက်အောက်သို့ မရောက်ရှိမီ၊ ပြန်မှာဝယ်ယူ ဖြည့်တင်းမှသာ လိုအပ်သည့် အရေအတွက်ထက်  လျော့နည်းမှု ရှိမည်မဟုတ်ပါ။ ထို့ကြောင့် အနည်းဆုံး လက်ကျန်အရေအတွက်သို့ ရောက်ရှိ မသွားစေရန်အတွက် ကြပ်မတ်ကြည့်ရှုရန် လိုအပ်ပါသည်။
စတိုပစ္စည်းများ၏ အနည်းဆုံး လက်ကျန် အရေအတွက်အောက်သို့ မရောက်ရှိမီ၊ ပြန်မှာဝယ်ယူ ဖြည့်တင်းမှသာ လိုအပ်သည့် အရေအတွက်ထက် လျော့နည်းမှု ရှိမည်မဟုတ်ပါ။ ထို့ကြောင့် အနည်းဆုံး လက်ကျန် အရေအတွက်သို့ မရောက်မီ မည်သည့် အဆင့်တွင် ပြန်မှာအဆင့် (REORDER LEVEL)ကို သတ်မှတ်ရမည် ဖြစ်ပါသည်။ ပြန်မှာအဆင့်သို့ ရောက်ရှိသဖြင့် ပြန်မှာသည့် အခါတွင်လည်း တကြိမ်ပြန်မှာလျှင်  အရေအတွက်မည်မျှ ပြန်မှာသင့်သည် ဆိုသည့် ပြန်မှာအေ၇အတွက် ( Reorder Quantity) ကို သတ်မှတ်ရမည် ဖြစ်ပါသည်။
အထက်ပါအတိုင်း အများဆုံးအဆင့် ၊အနည်းဆုံးအဆင့်၊ ပြန်မှာအရေအတွက်တို့ကို တခါတည်း ပုံသေသတ်မှတ်ထားရမည် ဟူ၍မဆိုလိုပါ။  အချိန်အခါအလျောက် ပြုပြင်သတ်မှတ်သင့်ပါက ပြုပြင်သတ်မှတ်ရပါမည်။
ခြုံ၍ဆိုရသော် စတိုတွင် ပစ္စည်းများကို များလည်းမများ၊ နည်းလည်း မနည်းရလေအောင် စတိုပစ္စည်းများကို အများဆုံးအဆင့် (အမြင့်ဆုံးအဆင့်) အနည်းဆုံးအဆင့် (အနိမ့်ဆုံးအဆင့်) ပြန်မှာအဆင့်၊ ပြန်မှာအရေအတွက်တို့ကို သတ်မှတ်ကြီးကြပ် သွားရပါမည်။
ကုန်အများ ဆုံးအဆင့် (Maximum Level)
စတိုပစ္စည်းတစ်ခု၏ အများဆုံးအဆင့် ဆိုသည်မှာ သိုလှောင်ရုံတွင် ယင်းကုန်ပစ္စည်းများ အများဆုံးသိုလှောင်  ထားရမည့် အရေအတွက်ကို ခေါ်ပါသည်။ ယင်းအဆင့်မှာ သက်ဆိုင်ရာကို ပစ္စည်းအား အများဆုံး သိုလှောင်ထားနိုင်သည့် အဆင့်ဖြစ်ရာ ၀ယ်ယူရေးဌာန အနေဖြင့်  ယင်းအဆင့်ဆင့် ကျော်လွန်၍ ၀ယ်ယူ သိုလှောင်ထားမိခြင်း မရှိစေရန် သတိပြုရပြမည်။ (သို့ရာတွင် ဈေးကွက်တွင် ၀ယ်ဈေး  များကျဆင်းနေပါက၊ ထိပ်ပိုင်း စီမံခန့်ခွဲမှု၏ သဘောတူညီချက်ဖြင့် ချွင်းချက်တစ်ရပ်အနေဖြင့် ၀ယ်ယူနိုင်ပါသည်။ ) အများဆုံးအဆင့်ကို  အောက်ပါအချက်များ အပေါ်မူတည်ပြီး သတ်မှတ်ပါသည်။
(က)သုံးစွဲမှုနှုန်း
(ခ)ခေတ်ကုန်အသုံးမ၀င်ဖြစ်မှုအလားအလာ
(ဂ)ပျက်စီးယိုယွင်းမှုအလားအလာ
(ဃ)သိုလှောင်စရိတ်
(င)သိုလှောင်ရန်နေရာ။
  သလ္လ၀တီ Blog............
စံတန်ဖိုး (Standard Cost) သဘောတရား
ငွေစာ၇င်းဌာနက ဘဏ္ဍာရေး စာရင်းကိုင်တွေကိုသာ ယေဘုယျအားဖြင့် တာဝန်ယူကြရပါတယ်။ ပစ္စည်းတွေ အမျိုးအစားများများ၊ အရေအတွက်များများ ထုတ်လုပ်လာပြီဆိုရင် ဖြစ်စေ၊ ထုတ်လုပ်ပုံ နည်းစနစ်တွေကလည်း တစ်မျိုးနဲ့ တစ်မျိုး ကွဲပြားခြားနားလာရင် ဖြစ်စေ၊ တန်ဖိုးတွက်ဌာနတစ်ခု သီးခြားထားရပါတယ်။ ဥပမာ- အော်ဒါအလိုက်မှာတဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ  အော်ဒါ တစ်ခုခြင်းအလိုက် တွက်ကြရတယ်။ အသုတ်လိုက်မှာတဲ့ ထုတ်တဲ့လုပ်ငန်းတွေမှာ  အသုတ်လိုက် တန်ဖိုးတွက်ကြရပါတယ်။ ဖြစ်စဉ်တစ်ခုပြီးမှ တစ်ခုထုတ်တဲ့  လုပ်ငန်းတွေမှာ ဖြစ်စဉ်အလိုက် တန်ဖိုးတွက်မှသာ ဖြစ်စဉ် တစ်ခုခြင်းအလိုက် တန်ဖိုးမှန်ကို ရနိုင်ပါတယ်။
တချို့လုပ်ငန်းတွေမှာ ကန်ထရိုက်လုပ်ငန်းတွေ လက်ခံဆောင်ရွက်တော့ ကန်ထရိုက်တန်ဖိုးတွေနဲ့ တွက်ကြရပါတယ်။   ဒါဟာ တန်ဖိုးတွက်ပညာ ရှုထောင့်က ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။
စံတန်ဖိုးကို တွက်ကြတာဟာ တန်ဖိုးတွက်ပညာ ရှုထောင့်ကကြည့်ရင် အကြောင်းရင်းများစွာ ရှိတဲ့အနက် သေချာဆုံးတစ်ခုက   တန်ဖိုးထိန်းချုပ်မှု (Cost Cintrol) လုပ်ချင်တာဖြစ်ပါတယ်။ အမှန်တန်ဖိုးကို အချိန်မရွေး မရနိုင်တော့ စံတန်ဖိုးတစ်ခုခု ရှိမှသာ ကုန်လက်ကျန်တွေ တန်ဖိုးသတ်မှတ်ဖို့ဖြစ်ဖြစ်၊ ရောင်းဈေးသတ်မှတ်ဖို့ဖြစ်ဖြစ် တန်ဖိုး ထိန်းချုပ်ခြင်းအားဖြင့် စရိတ်တွေ  နည်းနိုင်သမျှ နည်းသွားအောင် (Minimize the Cost) လုပ်ဖို့အတွက်စံတန်ဖိုးကို အားကိုးကြရပါတယ်။
ဥပမာ- ထုတ်လုပ်မှုဌာနက ထုတ်ကုန်တွေကို  နေ့ချင်းရက်ချင်း တွက်ပြီး အရောင်းဌာနကို ပို့ပေးနေပေမဲ့ အမှန်ဝန်ဆောင် စရိတ်တွေက လကုန်တာတောင် မစုံတတ်သေးလို့ အမှန်ကုန်ကျစ၇ိတ် မတွက်နိုင်သေးခင်မှာ စံကုန်ကျစရိတ်ကိုသာ အားကိုးရတာဖြစ်လို့ပါ။ ထုတ်လုပ်မှု ဌာနစာရင်းကို စာရင်းကိုင်တွေဟာ ဘယ်ပစ္စည်းကို ဖြစ်ဖြစ်တန်ဖိုးကို မတွက်လို့မဖြစ်ပါဘူး။
အချို့ စက်ရုံကြီးတွေမှာ ဘဏ္ဍာရေးဌာနအပြင် တန်ဖိုးတွက်ဌာနရယ်လို့ သီးခြားထားပြီး တန်ဖိုးထိန်းချုပ်မှုကို  ဇောင်းပေးပြီး လုပ်ကြပါတယ်။
ထုတ်ကုန် တစ်ယူနစ် (Unit Cost) ရဲ့ တန်ဖိုး
ထုတ်ကုန် တစ်ယူနစ်ရဲ့ တန်ဖိုးဆိုတာ တန်ဖိုးတွက် စာရင်းသမားတွေရော ကူးသန်းရောင်းဝယ်ရေး စာရင်းသမားတွေပါ တွက်ချက်လေ့ရှိသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ကူးသန်းရောင်းဝယ်ရေး စာရင်းကိုင်ကလည်း စက်ရုံက ထွက်လာတဲ့ ထုတ်လုပ်ကုန်စည်တွေကို တန်ဖိုးတွက် နည်းစဉ်နဲ့ တွက်လေ့ ရှိကြပါတယ်။ ကုန်ပစည်းတစ်မျိုးတည်း ထုတ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး  (C.O.S) ကို စုစုပေါင်း ကုန်ထွက် (C.O . P ) နဲ့ စားတဲ့နည်းနဲ့ တွက်ကြပါတယ်။ နောက်တစ်နည်းက တစ်ယူနစ်ချင်းပေါ်မှာ တစ်ယူနစ် ကုန်ကြမ်းတန်ဖိုး တစ်ယူနစ် လုပ်အားခနဲ့ တစ်ယူနစ်အတွက် ကျခံရမည့် ၀န်ဆောင်မှု စရိတ်တွေကို ပေါင်းပြီး ရှာတတ်ကြပါတယ်။
တစ်ယူနစ် ကုန်ကြမ်းတန်ဖိုး
တစ်ယူနစ် ကုန်ကြမ်းတန်ဖိုးကို သတ်မှတ်ရာတွင် တန်ဖိုးတွက် ရှု့ထောင့်မှ တွက်လျင် နည်းနှစ်နည်း ရှိပါတယ်။
(က) အမှန်ကုန်ကြမ်းတန်ဖိုး (Actual Material Cost)
(ခ) စံကုန်ကြမ်းတန်ဖိုး ( Standard Material Cost) တို့ပဲ ဖြစ်ပါတယ်။
အမှန်ကုန်ကြမ်း တန်ဖိုး စရိတ်ဆိုတာ ဂိုထောင်က ထုတ်ယူပြီး အမှန်တကယ် သုံးစွဲ ကုန်ကျသွားတဲ့ ကုန်ကြမ်းကို စတိုဌာနက ရတဲ့ စာရင်းအရရယ် ထုတ်လုပ်မှုက ရတဲ့ စာရင်းအရ ယူတာပါ။ စာရင်းအရ ရှာမယ်ဆိုရင်
(က) စာရင်းဖွင့် ကုန်လက်ကျန်               xxxxx
(ခ) ကုန်ကြမ်းအ၀ယ်စာရင်း                + xxxxx
စုစုပေါင်း ကုန်ကြမ်း                              xxxxx
(ဂ) စာရင်းပိတ်ကုန်လက်ကျန်             -  xxxxx
ကုန်ကြမ်း အသုံးစာရင်း                         xxxxx
စံကုန်ကြမ်းတန်ဖိုး ဆိုတာက အစကတည်းက ထုတ်လုပ်မှု ဌာနက သေသေချာချာ တိုင်းတာပြီး တွက်ချက်ထားသည့် နှုန်းဖြစ်သည်။ ထုတ်လုပ်မည့် ပစည်းတစ်ခုအတွက် အမှန်တကယ် သုံးလိုက်သည့် ကုန်ကြမ်းပမာဏကို တိတိကျကျ ချိန်တွယ် တိုင်းတာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အမျိုးအစား တစ်ခုအတွက် ဘယ်လောက်ကုန်တယ်ဆိုတဲ့ စံကို ယူလိုက်တာ ဖြစ်ပါတယ်။ အမျိုးအစားချင်းတူရင် စံပမာဏ အတိုင်းသာ သတ်မှတ်တွက်ချက်လိုက်တာ ဖြစ်ပါတယ်။
တစ်ယူနစ် လုပ်အားတန်ဖိုး (Labour Cost )
လုပ်အားခကို တွက်ချက်မယ် ဆိုရင်လည်း အခြေခံ နှစ်ချက်ပဲ ရှိပါတယ်။
(က) အမှန်လုပ်အားခ
(ခ) စံလုပ်အားခ တို့ ဖြစ်ပါတယ်။
အမှန်လုပ်အားခဆိုတာ တကယ်ကုန်ကျသွားတဲ့ လေဘာခကို ငွေစာရင်းဌာန ၊ လယ်ဂျာစာရင်းအတိုင်း ယူပြီး ဖော်ပြတာ ဖြစ်ပါတယ်။ လစား နေ့စား လုပ်သားတွေရဲ့ လစာလုပ်ခ နှင့် အချိန်ပိုတို့ကို လယ်ဂျာမှာ ပေါ်တဲ့အတိုင်း ယူထားတာ ဖြစ်ပါတယ်။
စံလုပ်အားခ ဆိုတာကတော့ ပစ္စည်းတစ်မျိုး ထုတ်လုပ်ရာမှာ တကယ်ပါဝင် ဆောင်ရွက်ရတဲ့ လုပ်သားတွေရဲ့ အခကို အခြေခံ တွက်နည်းအဖြစ်ယူပြီး စံလုပ်အားခလို့ တွက်ချက်တာ ဖြစ်ပါတယ်။ လူတစ်ယောက် တစ်ရက် အလုပ်လုပ်ရင် အလုပ်ဘယ်လောက်ပြီးသလဲ တစ်ရက်လုပ်ခကို တစ်ရင်ပြီးစီးသည့် ယူနစ်နှင့်စားရင် တစ်ယူနစ်ရဲ့ စံလုပ်အားခကို ရရှိမှာ ဖြစ်ပါတယ်။
တစ်ယူနစ် ၀န်ဆောင်စရိတ်
ဝန်ဆောင်စရိတ်ဆိုတာ အဓိကအားဖြင့် သွယ်ဝိုက် လုပ်အားခနှင့် သွယ်ဝိုက်စရိတ်များကို ဆိုလိုပါတယ်။ ကုန်ကြမ်းနဲ့ လုပ်အားခများလိုပဲ တွက်ချက်ပုံ နှစ်နည်း ရှိပါတယ်။
( ၁ ) အမှန်ဝန်ဆောင်စရိတ်
( ၂ ) စံဝန်ဆောင်စရိတ်တို့ ဖြစ်ပါတယ်
အမှန်ဝန်ဆောင်စရိတ်ဆိုတာ ငွေစာရင်းဌာနက လယ်ဂျာစာရင်းတွေမှာ ပေါ်နေတဲ့ တကယ်ပေးချေလိုက်ရတဲ့ စရိတ်တွေ ပေးရန်အမှန်ဖြစ်ပြီး မပေးချေရသေးတဲ့ စရိတ်တွေ ပါဝင်ပါတယ်။
စံဝန်ဆောင်စရိတ်ကတော့ ကုန်ထွက်ပမာဏ တစ်ခုအတွက် ယေဘူယျအားဖြင့် ကုန်ကျလိုက်တဲ့ ၀န်ဆောင်စရိတ် အစိတ်အပိုင်း တစ်ခုပါ။ အစိတ်အပိုင်းလို့ ပြောရတာဟာ တန်ဖိုးအားလုံးရဲ့ တချို့တ၀က်လို့ အဓိပါယ် ရပါတယ်။
စံဝန်ဆောင်စရိတ်သတ်မှတ်မယ်ဆိုရင်
ဝန်ဆောင်စရိတ်တွေကို စံသတ်မှတ်မယ်ဆိုရင် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဖို့  သတိပြုရတဲ့ အချက်တွေ ရှိပါတယ်။ ဥပမာ- အရင်လများက ကုန်ကျခဲ့တဲ့ မီးစက်သုံး ဒီဇယ်ဆီခဆိုပါတော့။ နောက်လတစ်လမှာ  မီးစက် သုံးစွဲမှုနည်းသွားရင် ဒီဇယ်ခလည်း နည်းသွားမှာပါ။ ဒီလိုပြောင်းလဲနိုင်တဲ့ သဘောတရားရှိလို့ အနီးစပ်ဆုံး မှန်ကန်နိုင်သမျှ  မှန်ကန်နိုင်အောင် ဘယ်လိုလုပ်သင့်သလဲလို့  စဉ်းစားကြရာမှာ ကာလသုံးပါးစလုံး စဉ်းစားမှသာ မှန်ကန်နိုင်တယ်လို့ အဖြေထွက်ပါတယ်။
တချို့ဆရာတွေက စံကိုယူမယ်ဆိုရင် အတိတ်ကာလက အနီးစပ်ဆုံး ၆လလောက်က ၀န်ဆောင်စရိတ်တွေကို  နှိုင်းယှဉ် ဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။ တချို့က အနည်းဆုံး ၃လကိုပြန်ကြည့် ရမယ်လို့ဆိုတယ်။ တချို့က ပစ္စုပ္ပန်မှာ ဘာတွေလုပ်နေသလဲ၊  လက်ငင်း ကိန်းဂဏန်းတွေကို ထည့်စဥ်းစားရမယ်လို့ ဆိုပါတယ်။ တချို့က အနာဂတ်မှာ ဆောင်ရွက်မယ့် စီမံကိန်ုးတွေနဲ့လည်း ဆိုင်တယ်၊ စီမံကိန်ုးအရ လက်ရှိလုပ်ငန်းတွေကို ရပ်ပစ်မယ်။ လက်ရှိစနစ်ကို ဆက်မသွားတော့ဘူးဆိုရင် အနာဂတ်မှာ စံလွဲနိုင်တယ်လို့လည်း  ထောက်ပြကြပါတယ်။
တစ်ယူနစ်အတွက် စံဝန်ဆောင်မှု စရိတ်တွက်နည်းကတော့ တစ်လအတွက် စုစုပေါင်း စံဝန်ဆောင်စရိတ်ကိုတည်၊  တစ်လအတွက် ထွက်ရှိတဲ့ ယူနစ်နဲ့စားပြိး ယူကြပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု သဘာဝအရ တချို့ပစ္စည်းတွေကို ထုတ်လုပ်တာ တစ်လမကြာတတ်တော့  တစ်ရက်အတွင်း ၀န်ဆောင်စရိတ် ကျသင့်ငွေကို တည်ပြိး တစ်ရက်တွက်နည်းနှဲ့ စားတာ တွက်ကြပါတယ်။ ဒီတော့ ဥပမာအားဖြင့်…
တစ်ရက်အတွက် ပျမ်းမျှဝန်ဆောင်စ၇ိတ်= တစ်လ၀န်ဆောင်စရိတ်စုစုပေါင်း
.                                                                                ၃၀
တစ်ယူနစ်စံဝန်ဆောင်စရိတ်              =  တစ်ရက်ပျမ်းမျှဝန်ဆောင်စ၇ိတ်
.                                                      တစ်ရက်အတွက်စံကုန်ထွက်ပမာဏ
 management
 စတိုပစ္စည်းများဘယ်လိုကြီးကြပ်မလဲ (Store Control)
သလ္လ၀တီ Blog...............
ကုမ္ပဏီ မအောင်မြင်နိုင်ဖွယ် အလားအလာကို ကြိုတင်မှန်းဆနိုင်သည့် နည်းလမ်းများ
စီးပွားရေး လောကမှာ ရှိကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့ ကုမ္ပဏီ လုပ်ငန်းတွေ အစဉ်တစိုက် ကြီးပွား တိုးတက်နေအောင် နေ့မအား၊ ညမနား ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသ၍ အပတ်တကုတ် ကြိုးစားအားထုတ် လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့  မိမိတို့ကုမ္ပဏီရဲ့ လုပ်ငန်း မအောင်မမြင် ဖြစ်နိုင်တဲ့  အနေအထားတွေကို  ကြိုကြို တင်တင် သတိမမူ မိတာကြောင့် အချို့ ကုမ္ပဏီတွေမှာဟာ ငွေကြေး ကသီလင်တဖြစ်ပြီး လုပ်ငန်း မအောင်မြင်မှုတွေနဲ့ ရင်ဆိုင် တွေ့ကြုံရတတ်ပါတယ်။ဒါကြောင့် မိမိတို့ကုမ္ပဏီမှာ လုပ်ငန်း မအောင်မမြင် ဖြစ်နိုင်ဖွယ် အလားအလာတွေ ရှိမရှိကို ကြိုတင်မှန်းဆကြည့်ပြီး သတိမူ-ပြုပြင် ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
Altman ၏ ကြိုတင်ဟောကိန်း အချိုး(၇)မျိုး
ဒီကြိုတင်မှန်းဆနည်းကို အမေရိကန်နိုင်ငံသား ပရော်ဖက်ဆာ Altmanက ၁၉၉၇ ခုနှစ်မှာ ထုတ်ဖော် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအချိုး (၇)မျိုးပါဝင်တဲ့ ဟောကိန်ုး ပုံစံဖြစ်ပါတယ်။ ငွေကြေး ကသီလင်တ ဖြစ်ပြီး လုပ်ငန်း မအောင်မမြင် ဖြစ်နေတဲ့ ကုမ္ပဏီတွေကို မီးမောင်းထိုး ဖော်ပြတဲ့နေရာမှာ ဒီကြိုတင် ဟောကိန်းထုတ်နည်း ပုံစံက အခြေခံအားဖြင့်အသုံးဝင်ပါတယ်။ ပေ၇ာ်ဖက်ဆာ Altman က ကုမ္ပဏီတစ်ခုမှာ  အောက်မှာ ဖော်ပြထားတဲ့အတိုင်း ပုံသေဖော်ပြထားတဲ့အတိုင်း ပုံသေရှိမနေဘဲ အစဉ် ပြောင်းလဲနေတဲ့ အနေအထား (Variables)(၇)မျိုး ရှိတယ်လို့  ဆိုပါတယ်။ ဒါ့အပြင် အဲဒီအနေအထားတွေကို
ယှဉ်တွဲဖော်ပြပါသက်ဆိုင်ရာ  စာရင်းအချိုးတွေနဲ့ ဆန်းစစ်ကြည့်ရှု ကြိုတင် ဟောကိန်း ထုတ်နိုင်တယ်လို့လဲ ဆိုပါတယ်။
၁။ အရွယ်အစား (Size) ကုမ္ပဏီရဲ့ ရပိုင်ခွင့် စုစုပေါင်း (Total assets)နဲ့  တိုင်းတာပါတယ်။
၂။ ငွေဖြစ်လွယ်မှု  (Liquidity) လက်ငန်းအချိုး (Current Ratio)နဲ့ တိုင်းတာပါတယ်။
၃။ ရပိုင်ခွင့်များအပေါ်ပြန်ရနှုန်း (Return on Assets) အတိုးမပေးမီနဲ့ အခွန်မဆောင်မီဝင်ငွေ (Earnings Before Interest and Taxes) ကို ရပိုင်ခွင့် စုစုပေါင်း  (Total Assets)နဲ့  စားတဲ့ နည်းနဲ့ တိုင်းတာပါတယ်။
၎။ ၀င်ငွေတည်ငြိမ်မှု (Stability of Earnings) ၁၀နှစ်ဝန်းကျင် အလားအလာကို ခန့်မှန်းခြေစံ အမှား (Standard Error of Estimate)နဲ့ တိုင်းတာပါတယ်။
၅။ ကြွေးမြီဝန်ဆောင်မှု (Debts Service) အတိုးပမာဏအချိုး  (Interest Coverage Ratio) နဲ့ တိုင်းတာပါတယ်။
၆။ စုစုပေါင်းမြတ်စွန်းမှု (Cumulative Profitability) ချန်ထားအမြတ် (Retained Earning )ကို ရပိုင်ခွင့် စုစုပေါင်းနဲ့  စားတဲ့နည်းနဲ့ တိုင်းတာပါတယ်။
၇။ အရင်းအနှီးထည့်ဝင်မှု (Capitalization)အများပိုင်ဆိုင်ခွင့် (Common Equity) ကို အသုံးပြုမတည်ငွေရင်း စုစုပေါင်း (Total Capital Employed)နဲ့  စားတဲ့နည်းနဲ့ တိုင်းတာပါတယ်။
မအောင်မြင်တဲ့ ကုမ္ပဏီတွေနဲ့ အောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ အကြားမှာရှိတဲ့ ကွဲပြားခြားနားချက်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါမှ  ဒီအပြောင်းအလဲ (၇)မျိုးကို အကောင်းဆုံး ပေါင်းစပ်ကြည့်လို့ ရတယ်လို့ဆိုပါတယ်။ အချိုးတွေအားလုံးကို အတူအကွ ပေါင်းစပ် အသုံးချမယ်ဆိုရင် ငွေကြေး ကသီလင်တဖြစ်ရုံသာမက ကုမ္ပဏီပါ ပျက်စီး ဆုံးရှုံး သွားနိုင်တဲ့ အခြေအနေထိ ဆိုက်ရောက်သွားနိုင်တဲ့  ကုမ္ပဏီမျိုးတွေကိုပါ ထိထိရောက်ရောက် ကြိုတင် ဟောကိန်းထုတ်နိုင်မှာ ဖြစ်တယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။
မအောင်မြင်မှုနဲ့ ပက်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဘယ်လိုပဲ ရှိစေကာမူ၊ ကုမ္ပဏီ မအောင်မြင်မှု ဆိုတာဟာ ကုမ္ပဏီကို ဖျက်သိမ်းရတဲ့အထိ  အကျိုး ဆိုက်ရောက်သွားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အကြွေးတွေ မပေးဆပ်နိုင်တာကို မအောင်မြင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။  တစ်နည်း ပြောရရင် ကုမ္ပဏီဟာ လောလောလတ်လတ် ပေးရန်ရှိတာတွေကို အချိန်စေ့ရောက်တဲ့ အခါမှာ မပေးဆပ်နိုင်ရင် မအောင်မြင်တဲ့  ကုမ္ပဏီဖြစ်ပါတယ်။ ဒီလို မအောင်မြင်တာမျိုးဟာ (Technical Insolvency)ဖြစ်ပါတယ်။ မအောင်မြင်မှု နောက်တစ်မျိုး ကတော့  လူမွဲစာရင်း အသွင်းခံရတာ (Bankruptcy) ဖြစ်ပါတယ်။ ပေးရန်တာဝန် စုစုပေါင်းဟာ
ရပိုင်ခွင့် များရဲ့ သင့်တင့်လျောက်ပတ်တဲ့ တန်ဖိုးသတ်မှတ်ချက် (Fair Valuation) ထက်ပိုနေမယ်ဆိုရင် ကုမ္ပဏီဟာ လူမွဲဖြစ်သွားပါတယ်။ တစ်ခြားနည်းနဲ့ပြောရရင် ကုမ္ပဏီမှာ အသားတင်တန်ဖိုး (Net Worth) လုံးဝမရှိ (Negative)တော့တာ ဖြစ်ပါတယ်။
သလ္လ၀တီ  Blog..........
Monday, August 17, 2015
  ဧရာဝတီမြစ် သမိုင်း
အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwaddy ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ် မြစ်တစ်ခုလည်း ဖြစ်ပေသည်။ ဧ​ရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။
ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ (မေခ) မြစ်များပေါင်းဆုံရာမှနေ၍ စတင်စီးဆင်းသည်။ ဤမြစ်ဖျား ခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အင်မိုင်ခမြစ် သည် ပူတာအိုမြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ် (Languela Glacier) မှာ စတင်ပေါ် ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။ ဧရာဝတီအတွင်း စီးဝင်သည့် အဓိကရေဝေမြစ် ၃ ခုမှာ ချင်းတွင်း၊ ရွှေလီနှင့် မြစ်ငယ်မြစ်တို့ ဖြစ်ကြသည်။
နာမည်တူမြစ်
--------------
လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင် သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။
မြစ်ဆုံ
-------
မိုင်ပေါင်း(၁၃၀၀)ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ် မြောက်ဘက်စွန်းရှိနှင်းဖုန်းတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဖက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည် ကျောက်စလစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။
ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ၊ ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈-မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက်ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှစုန်သော် မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ်လည်တွင် ပေါ်နေသည်။ ၀ဲဇလုပ်များကလည်း အသီးသီးဖြစ်ပေါ်နေ၏။
ပထမမြစ်ကျဉ်း
----------------
ဆင်ဘိုရွာကို လွန်မိပြီ ဆိုသည်နှင့် ရေစီးသန်လာလေတော့သည်။ မြင်သာရွာအလွန်တွင် မြစ်ကြောင်းကလည်း ပိုမိုကျဉ်းမြောင်း လာလေသည်။ မြစ်ကြောင်းကျဉ်းမြောင်းလာလေလေ ရေများသည် စုစုလာလေလေဖြစ်သည်။ ကမ်းနှစ်ဖက် အကွာအဝေးသည် ကိုက် (၅၀)ခန့်သာရှိတော့သည်။ အပေါ်မှ တရကြမ်း ထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီးလျှက်ရှိသော ကျောက်တောင်ကြီးများကို အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရာ ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ ပွတ်တိုက်နေသည့် တဝေါဝေါ မည်သံများကိုလည်း အဝေးမှပင် ကြားနေရပါသည်။ ကမ်းတစ်ဖက် တစ်ချက်ရှိ ကျောက်တောင်နံရံများကလည်း ဇွတ်အတင်း ထိုးဆင်း နေသော မြစ်ရေလုံးကို ဟိုမှာဆီး၊ သည်မှတား နေသည့်နှယ် ရှိလေသည်။ တစ်ခါတစ်ရံ အရှေ့တည့်တည့်တွင် တောင်ကြီး ကာစီးနေသည်ကို မြင်လိုက်ရပြီး မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်ရသည်။ စုန်ဆင်းလာသော သင်္ဘောများသည် တောင်ကို ဆောင့်မည့်ဆဲဆဲ ရှိနေရာမှ လင်္ကျာဘက် ကသော်၎င်း၊ လက်ဝဲဘက်ကသော်၎င်း ရေကြောင်းလမ်းကလေး ပေါ်လာ၍ ယင်းဘက်သို့ ဆက်ကနဲလှည့်ကာ ချိုးကွေ့လိုက်ရပြန်သည်။ အနောက်ဖက်ကမ်းရှိ မြစေတီရွာကိုလွန်သော် မြစ်ကျဉ်းသည် တစ်ဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာလေသည်။ ဤသည်မှာ ၃၃-မိုင်ခန့် ရှည်လျားသော ပထမမြစ်ကျဉ်း၏ အဆုံးပင် ဖြစ်တော့သည်။
ထိုမှစုန်သော် ဗန်းမော်သို့၊ ဗန်းမော်အနီးသို့ ဧရာဝတီမြစ်ရောက်သောအခါ မြေနုချိုင့်ဝှမ်းကို ဖြတ်သန်းလေတော့သည်။ မြစ်ပြင်သည်လည်း နှစ်မိုင်နီးပါး ကျယ်ပြန့်နေလေသည်။ ဗန်းမော်မြို့အထက်နားလေးတွင်လည်း အရှေ့ဘက် ယူနန်ကုန်းပြင်မြင့်မှ စီးဆင်းလာသော တာပိန်မြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်လေသည်။
ဒုတိယမြစ်ကျဉ်း
-----------------
ဗန်းမော်မှအစုန် ၁၈-မိုင်ခန့်ဝေးသော စင်းကန်းရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စပါတော့သည်။ မြစ်ကြောင်းမှာလည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။ စင်းကန်းရွာမှ ရွှေဂူမြို့ အထက်နားရှိ အင်္ဘောဝင်းရွာအထိ ဒုတိယမြစ်ကျဉ်း နေရာဖြစ်လေသည်။ ဆယ့်လေးမိုင်ခန့် ရှည်၍ ပျှမ်းမျှ ကိုက်၁၅၀သာ ကျယ်ပေသည်။ မြစ်ကြောင်းသည် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ ရွှေဂူမြို့ အနားရောက်လျှင် မြစ်လယ်ရှိ သောင်ကျွန်းကို၎င်း၊ သောင်ကျွန်း ပြည့်တည်ထားသော ဘုရားစေတီများကို၎င်း တွေ့မြင်ရပြန်သည်။ မြစ်ကြောင်းကလည်း အနောက်ဘက်သို့ ဆက်လက်စီးနေသည်။ ထိုမှစုန်သော် အနောက်ဘက်ကမ်းပေါ်ရှိ ကသာမြို့သို့ ရောက်သည်။
ကသာမြို့အောက်နားတွင် အရှေ့ဘက်မှ ရွှေလီမြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပြန်သည်။ သစ်ဖောင်ဝါးဖောင်များ မျှောချလာသည်ကို မြင်ရပြန်လေသည်။ ကသာကိုလွန်သော် ဧရာဝတီသည် တောင်ဘက်သို့ ကွေ့ဆင်းလေသည်။ ကသာမြို့မှ ထီးချိုင့်၊ ၎င်းမှ မဇ္စျိမဒေသ သကျသာကီဝင်မင်းများ လာရောက် နန်းစိုက်ခဲ့ဖူးသည် ဆိုသော တကောင်းမြို့ဟောင်း၊ တကောင်းမှသည် မိုင်လေးဆယ် ခန့်ဝေးသော မလည်ရွာသို့ ရောက်လေသည်။
တတိယမြစ်ကျဉ်း
------------------
မလည်ရွာအလွန်တွင် တတိယမြစ်ကျဉ်း စပါတော့သည်။ မလည်ရွာအောက်တွင် တောင်တန်းနိမ့်များမှာ ကမ်းစပ်နှင့်ပို၍ နီးလာသည်ကို တွေ့ရသည်။ အရှေ့ဘက်ကမ်းတွင်လည်း မိုးကုတ်တောင်တန်း မှိုင်းမှိုင်းညို့ညို့ကို တွေ့မြင်ရသည်။ အရှေ့ဘက်ကမ်းပေါ်ရှိ သပိတ်ကျင်းမြို့သည် မိုးကုတ်မြို့၏ ဆိပ်ကမ်းမြို့လည်းဖြစ်လေသည်။ သပိတ်ကျင်းမြို့မှ လွန်သော် သီဟတောရွာနှင့် ဘုရား၊ သုံးဆယ့်ရှစ်မိုင် ခန့်ရှိသော တတိယ မြစ်ကျဉ်းသည် မလည်ရွာမှစ၍ ကျောက်မြောင်းမြို့အနီး၌ ဆုံးလေသည်။
မြေလတ်ဒေသ
----------------
ကျောက်မြောင်းသည် အနောက်ဘက် ရွှေဘို၏ ဆိပ်ကမ်းဖြစ်ပြီး ကျောက်မြောင်းအလွန်တွင် မြစ်ပြင်သည် ပြန်လည် ကျယ်ပြန့် လာသည်။ ကျောက်မြောင်း၊ ရွှေဘိုဒေသ ရှုခင်းသည် ခြောက်သွေ့၏။ သစ်ပင်ချုံနွယ်များ ကျဲလာပြီး၊ တောင်များ ညိုပုပ်ပုပ်အရောင် ပြောင်းလာသည်။ မြစ်ကြောင်းကား မြေပြန့်လွင်ပြင်ကို ဖြတ်သန်းစီးဆင်း၍ မြစ်ပြင်ကျယ်လာသည်ကား မှန်၏။ သို့ရာတွင် စည်းသောင် တိမ်သောင် များလွန်း၍ ရေကြောင်းမှာ ရေမွှာ ရေခွဲများဖြင့် ကွဲသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိမြစ်အပိုင်းအတွင်း တွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။ ကျောက်မြောင်းမှ ရှိမ်းမကား၊ ထိုမှတဖန် မင်းကွန်းကို ဖြတ်သည်။ မင်းကွန်းပုထိုးတော်ကြီးကို အဝေးမှပင် ဖူးတွေ့နိုင်ပေသည်။ မင်းကွန်းမှသည် မန္တလေးမြို့ ဂေါဝန်ဆိပ်သို့ ရောက်သည်။
ဤတွင် မန္တလေးနှင့် တဆက်တည်းရှိသော အမရပူရမြို့ အစွန် တောင်ပူစာနှစ်ခု ထိပ်၌ရှိသော ရွှေကြက်ယက်စေတီ၊ ရွှေကြက်ကျစေတီ နှစ်ဆူကို ဧရာဝတီမြစ်ပေါ်မှ ဖူးတွေ့ရပြန်သည်။ အမရပူရမြို့၏ အရှေ့တောင်ဘက်ကို လှမ်းကြည့်ပြန်သော် သပြေတန်း ခံတပ်ဟောင်း၊ ထို့နောက် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော မြစ်ငယ်မြစ်နှင့် ယင်းမြစ်၏ တစ်ဘက်ကမ်းတွင်ကား အင်းဝမြို့ဟောင်းကို တွေ့မြင်ရလေသည်။ အနောက်ဘက်တွင်ကား စစ်ကိုင်းမြို့ ၊ အမရပူရနှင့် စစ်ကိုင်းကြားတွင် စစ်ကိုင်းတံတား က ကူးဆက်ထားပြန်သည်။ စစ်ကိုင်းမြို့၏ အနောက်ဘက်တွင်မူ မှိုင်းမှိုင်းညို့ညို့နှင့် စစ်ကိုင်းတောင်ရိုး၊ နေရာအကွက်ကလည်း ကျလှပေ၏။ အနောက်ဘက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင်၊ အရှေ့ဘက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီဖြူဖြူ အလည်တွင် မြစ်ရေဖွေးဖွေး မြင်ရသည်မှာ ကြည်နူးစရာ အလှအပ ရှုခင်းပါပေတည်း။
စစ်ကိုင်းအလွန်တွင် မြစ်ကြောင်းသည် အနောက်ဘက်သို့ ကွေ့ဝင်သွားသည်။ မကြာမီ ရွာသစ်ကြီးကို ဖြတ်သန်းရသည်။ ၎င်းနောက် မြင်းမူ၊ ဆီမီးခုံ၊ နဂါးပေါက်၊ ရန္တပို စသောရွာများကို ဖြတ်သန်းလာခဲ့ရပြန်သည်။ ထို့နောက် မြစ်ကြောင်းသည် တောင်ဘက်သို့ ပြောင်း၍ စုန်ဆင်းပြန်၏။ မန္တလေးမှ မိုင်ရှစ်ဆယ် ဝေးသောမြင်းခြံမြို့၊ မြင်းခြံဆိပ်ကမ်းကို သင်္ဘောကပ်၍ မရပါ။ ဆိပ်ကမ်းဝတွင် ဧရာမ သောင်ပြင်ကြီးက ထီးထီးချည်း ခံနေလေသည်။ ထို့နောက် မြင်းခြံအောက် အနောက်ဘက် ကမ်းရှိ ပခုက္ကူမြို့ကို ဆိုက်ရောက်ပေသည်။
ဧရာဝတီယဉ်ကျေးမှု
----------------------
ပခုက္ကူမြို့သည် အလုံ၊ မုံရွာဘက်မှ စီးဆင်းလာသော ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် ပေါင်းဆုံရာ အောက်နားတွင် တည်ရှိပြီး၊ အနောက်ဘက်တွင် ယောချောင်း၊ ချင်းတို့၏ ဒေသနှင့်လည်း အဆက်အသွယ် များလေသည်။ ပခုက္ကူမှ စုန်ဆင်းလာခဲ့ရာ အနောက်ဘက်ကမ်းတွင် မြစ်ခြေ၊ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ တည်ရှိသည်။ ပခုက္ကူမှ ၂၅-မိုင်ခန့် အကွာတွင် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ ၊ ဟင်္သာမောင်နှံများ၊ ရေဘဲများ၊ ဝေသာလီဗျိုင်းများ ပျော်မြူးနေကြသော သောင်ပြင်ကျယ်ကြီးကို တွေ့ရလေသည်။ ညာဘက်တွင် တန့်ကြည်တောင်တန်း၊ ဘယ်ဘက်တွင် ညောင်ဦးမြို့ နတ်သမီးကမ်းပါး စောက်တို့သည် မြင်ကွင်းတွင် တဖြည်းဖြည်း ပေါ်လာလေသည်။ ညောင်ဦးမြို့သည် ပုဂံမြို့ဟောင်း၏ ဆိပ်ကမ်းမြို့ဖြစ်သည်။ ပုဂံမှာ သောင်ထွန်း၍ လှေသင်္ဘောများ မကပ်နိုင်ပေ။ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စတဲ့ မြန်မာ့သမိုင်းကြီးတွင် ပေါ်ထွန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားလာခဲ့သည်။ စဉ်စစ် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုသည် ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်တော့သည်။
ပုဂံမှသည် မြေဆီမှ ရွှေရည်ထွက်ရာ ရေနံမြေကို ဖြတ်ကျော်လျှက် မြစ်၏ အနောက်ဘက်တွင် ရေနံချပ်နှင့် လမ်းရွာ၊ အရှေ့ဘက်တွင် စဥ့်ကူးနှင့် ချောက်၊ ချောက်မှသည် မိုင် ၄၀-ခန့်ဝေးသော ရေနံချောင်းမြို့၊ ဤနေရာတစ်လျှောက် မြစ်ကြောင်းသည် ဖြောင့်လိုက်၊ ကောက်လိုက် ရှိလေသည်။ မတ်စောက်သော ကမ်းပါးများ၏ ကုန်းပေါ်တွင် မျှော်စင်တွေနှင့် ရေနံတွင်းများ၊ စက်ရုံများကို တွေ့ရလေသည်။ ချောက်မှ သုံးမိုင်အကွာ စလေမြို့၊ စလေမှ ၁၅-မိုင်ဝေးသော ဆင်ဖြူကျွန်းမြို့ကို ဖြတ်ကျော်သည်။ ဆင်ဖြူကျွန်း တစ်ဝိုက်တွင် မြစ်သည် တံစုန်းများ ပေါများသည်။ (တံစုန်းများဆိုသည်မှာ ရေမြုပ်သစ်ပင်၊ သစ်တုံးနှင့် ရေပေါ်ရေမျော သစ်တုံးများကို ဆိုလိုသည်။)
ဆင်ဖြူကျွန်းမှ တစ်ဖန် ရေနံချောင်းအောက်ဘက် ၂၅-မိုင်ခန့် ကွာဝေးသော အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့၊ မင်းဘူးမြို့သည် မုန်းချောင်း၊ မန်းချောင်းတို့မှ မြောင်းသွယ်ထားသဖြင့် စိုက်ပျိုးရေး ထွန်းကားသော ဒေသဖြစ်လေသည်။ မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့၏ ကျက်သရေဆောင် ရွှေတ၀င်းဝင်းနှင့် မြသလွန်ဘုရားကို ဖူးမြင်ရပြန်သည်။ ထိုမှတဆင့် အရှေ့ဘက် မြစ်ကြောင်းကွေ့သည့်အတိုင်း စုန်ဆင်းလာရာ အနောက်ဘက် ရခိုင်ရိုးမမှ ဖြာထွက်သော တောင်စွယ်သည်၎င်း၊ အရှေ့ဘက် ပဲခူးရိုးမမှ ဖြာထွက်လာသော တောင်စွယ်သည်၎င်း ကမ်းပါးအထိ ရောက်လာသည်ကို တွေ့မြင်ရပြန်သည်။ ထိုမှလွန်သော် အနောက်ဘက်ကမ်းရှိ မင်းလှနှင့် မလွန်၊ ထိုမှ အရှေ့ဘက်ကမ်းရှိ ဆင်ပေါက်ဝဲ၊ မြေထဲမြို့ များကို ဖြတ်လာခဲ့ရသည်။ မြေထဲအောက် အနောက်ဘက်ကမ်းရှိ သရက်၊ ညောင်ပင်ဆိပ်၊ ကမ္ပတို့ကို လွန်သော် ဖိုးဦးတောင်ကို၎င်း၊ အရှေ့ဘက်ကမ်းတွင် ပြည်မြို့ကို၎င်း ချဉ်းကပ်လာပြန်သည်။
မြစ်ဝကျွန်းပေါ်
---------------
ပြည်မှ တစ်ဖန် ခွာလေရာ ထုံးဘိုရွာအနီးတွင် မြစ်ကမ်းပါးအရောက် ထိုးထွက်နေသော ကျောက်နံရံကျယ်ကြီးကို တွေ့မြင်ရပြန်သည်။ ယင်းကို အကောက်တောင် ဟု ခေါ်သည်။ ထိုအကောက်တောင် နံရံများတွင် ဘုရားဆင်းတု ပုံတော် အမျိုးမျိုးကို ကြည်ညိုစရာ ထွင်းထုထားသည်ကို မြစ်ထဲမှ ကောင်းစွာဖူးမျှော် တွေ့မြင်နိုင်ပေသည်။ ပြည်မြို့အောက် မိုင်၅၀-ခန့်ရှိ မြန်အောင်ကို ဖြတ်သည်နှင့် မိုးကောင်း၍ စိမ်းစိုသော မြစ်ဝကျွန်းပေါ် အစကို တွေ့မြင်နိုင်သည်။
ဧရာဝတီမြစ်သည် ရေစီးနှင့်အတူ နူံးမြေများကို သယ်ဆောင်ရာက တဖြည်းဖြည်း ပို့လာပြီး မြစ်ဝကျွန်းပေါ် မြေနုကျွန်းများ ဖြစ်ပေါ်လာခဲ့ရလေသည်။ မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ် (မုတ္တမပင်လယ်) ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။ ထိုအခါ ဧရာဝတီမြစ်သည် မြန်အောင်မြို့ အောက်နားမှစ၍ ပုသိမ်မြစ်၊ ရွေးမြစ်၊ ဧရာဝတီမြစ်မကြီး၊ ဖျာပုံမြစ် စသည်ဖြင့် မြစ်ငယ်များ ချောင်းများ ခွဲ၍ခွဲ၍ မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။
ဧရာဝတီမြစ်မကြီးအတိုင်း ကြံခင်း၊ ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်းမြို့များကို ဖြတ်ကျော်ပြီး ညောင်တုန်းမြို့ အောက်ဘက်တွင် ဧရာဝတီမြစ်မကြီးသည် မြစ်ငယ်၊ ချောင်းတိုများ ထပ်မံဖြာထွက်ပြန်သည်။ ညောင်တုန်းမြို့မှ တစ်ဆင့် ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ပန်းလှိုင်၊ လှိုင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရာ ရွှေတိဂုံ စေတီတော်ကြီးကို လှမ်း၍ ဖူးမျှော်ရပြီး ရန်ကုန်မြို့သို့ ရောက်ရှိလေတော့သည်။ ရန်ကုန်၏ တစ်ဖက်ကမ်းတွင် ဒလ၊ တွံ့တေးမြို့ များရှိပြီး ရန်ကုန်ကို ကျော်လျှင် သန်လျင်မြို့ ကိုတွေ့ရပြီး ဧရာဝတီမြစ်သည် မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။
မြစ်အောက်ပိုင်းဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ) ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့် ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃) သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ) ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ ပုဂ္ဂလိကပိုင် ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည် "အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း" ဖော်ပြခဲ့ပါသည်။ 
သမိုင်းထဲက ဧရာဝတီ
-----------------------
မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။ မွန်- မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိပြည်မြို့သည်လည်း နှစ်ဖက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်လည်း အထက်မြန်မာနိုင်ငံတလွှား တိုက်ခိုက်ရာတွင် စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိကအားဖြင့် အသုံးပြုခဲ့ပြန်သည်။ ထို့အတူ ညောင်ရမ်းခေတ်ဦး မင်းများဖြစ်ကြသည့် အနောက်ဖက်လွန်မင်း နှင့် သာလွန်မင်းတို့လည်း ဧရာဝတီမြစ်ကို စုန်ဆန်သွားလာခြဲ့ကသည်။ ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင်လည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျှောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။
မြစ်လက်တက်များ
--------------------
အဓိကမြစ်လက်တက်ကြီးများမှာ-
  1. တာပိန်မြစ်
  2. ရွှေလီမြစ်
  3. မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)
  4. မူးမြစ်
  5. ချင်းတွင်းမြစ် တို့ဖြစ်ကြသည်။
ထို့ပြင် ချောင်းလက်တက်များလည်း ရှိသေးသည်။
  • ချောင်းမကြီးချောင်း (အနောက်ဘက်)
  • စလင်းချောင်း (အနောက်ဘက်)
  • မုန်းချောင်း (အနောက်ဘက်)
  • မန်းချောင်း (အနောက်ဘက်)
  • မင်းတုန်းချောင်း (အနောက်ဘက်)
  • ပင်းချောင်း (အရှေ့ဘက်)
  • ယင်းချောင်း (အရှေ့ဘက်)
  • ဒေါင်းသေချောင်း (အရှေ့ဘက်)
  • ဗွက်ကြီးချောင်း (အရှေ့ဘက်)
မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ
---------------------------------------------------
  • ပူတာအို
  • မြစ်ကြီးနား
  • ဗန်းမော်
  • ကသာ
  • တကောင်း
  • ကျောက်မြောင်း
  • မန္တလေး
  • စစ်ကိုင်း
  • ချောက်
  • ပုဂံ-ညောင်ဦး
  • မကွေး
  • ပြည်
  • ဟင်္သာတ
  • ပုသိမ်
  • ဧရာဝတီမြစ်ကူး တံတားများ
    ------------------------------
    ဗြိတိသျှကိုလိုနီအစိုးရက ၁၉၃၄ တွင် အင်းဝတံတား(စစ်ကိုင်းတံတား)ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။
    ထပ်မံအသစ်တည်ဆောက်သောတံတားကြီးများမှာ -
    • ဧရာဝတီတံတား (ရတနာပုံ) (ယခင်အင်းဝတံတားကြီး၏ အထက်ဘက်နား)
    • ဗလမင်းထင်တံတား (အင်န်မိုင်ခမြစ်ကူး၊ မြစ်ကြီးနားမြို့အနီး၊ ၁၉၉၈၊နိုဝင်ဘာလ)
    • အနော်ရထာတံတား (ချောက်၊ ၂၀၀၁ခုနှစ်၊ ဧပြီလ)
    • မကွေးတံတား
    • ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း၊ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ)
    • နဝဒေးတံတား (ပြည်မြို့၊ ၁၉၉၇၊စက်တင်ဘာ)
    • မအူပင်တံတား (မအူပင်၊ ၁၉၉၈၊ဖေဖော်ဝါရီ)
    • ဧရာဝတီတံတား (ဒေးဒရဲ)
    မှတ်ချက် ( ၂၀၀၅ ) နောက်ပိုင်းတည်ဆောက်သည်. တံတားများမပါရှိသေးပါ။
    ယနေ့ခေတ် လေ့လာတွေ့ရှိချက်
    ----------------------------------
    ဧရာဝတီမြစ်တွင် ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင်၊ ၂ဝဝ၂ ခုနှစ် အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများ အသိ အမှတ်ပြုထားသော ငှက်စားကျက်နယ်မြေ (၄) ခုလည်း ရှိသည်။ မြစ်၏ ဇီဝသတ္တ စုံလင်ထွေပြားမှုအကြောင်းနှင့် ပတ်သက်၍ ကောင်းစွာလေ့လာထားသည်များလည်း မရှိသေးချေ။ မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ် သစ်များကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုံးတင်မြေနှစ်များ အများဆုံးပို့ချပေးနိုင်သောမြစ်လည်း ဖြစ်သည်။ 
    ကိုးကား
    ---------
    1.  ၀င်းသိမ်း(ကျောင်းအုပ်ကြီး၊ ရေကြောင်းပညာသိပ္ပံ)၏ ဧရာနဒီသိပါသည် ဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။
    2.  ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) မှ
    3. ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
    4.  en.wikipedia.org
    MOGAUNG EXPRESS မှပြန်လည်မျှဝေပေးပါသည်။ လေးစားလျက်