Thursday, September 10, 2015

ရပိုင်ခွင့်များ၊ ရင်းနှီးငွေ နှင့် ပေးရန်တာဝန်

ရပိုင်ခွင့်များ၊ ရင်းနှီးငွေ နှင့် ပေးရန်တာဝန်

(Assets,Capital , Liabilities)



စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တည်ဆောက်ရာမှာ ထိုလုပ်ငန်းအတွက် ငွေ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်။ ထိုငွေဖြင့်လုပ်ငန်း တွင် အသုံးပြုရန်လိုသော ပစ္စည်းများ ၀ယ်ယူရမည်။

ထိုသို့ဝယ်ယူသော ပစ္စည်းများ မှာ အဆောက်အဦး ပရိဘောဂ၊ တပ်ဆင်ပစ္စည်းများနှင့် ရောင်းရန်ကုန် ပစ္စည်းများ စသည်တို့ဖြစ်သည်။ လက်ရှိငွေ (Cash in Hand)၊ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုသောပစ္စည်းများကို ရပိုင်ခွင့်များ(Assets)၊ဟုခေါ်သည်။ လုပ်ငန်းတွင် မြှုပ်နှံထားသော ငွေရင်းကို ရင်းနှီးငွေ (Capital) ဟုခေါ်သည်။

လုပ်ငန်းသည် အခြားသူ ထံမှ ငွေချေးခြင်း ၊ ပစ္စည်းအကြွေးဝယ်ခြင်း ပြုခဲ့ လျှင် ၄င်းငွေချေးသူ နှင့်ကုန်ကြွေး ပေးသူတို့ကို လုပ်ငန်း၏ မြီရှင် (Creditor) ဟုခေါ်သည်။ လုပ်ငန်းသည် ထို (Creditor)အား ပေးရန်ရှိသော အကြွေးကို မပေးဆပ် လျှင် Creditor များသည် လုပ်ငန်း၏ ဥစ္စာပစ္စည်းများကို တောင်ခံ ပိုင်ခွင့် ရှိသည်။ Creditor တို့ က လုပ်ငန်း၏ ရပိုင်ခွင့်များ အပေါ်တောင်းခံနိုင်သော အခွင့်အရေးကို လုပ်ငန်း၏ ပေးရန်တာဝန်များ (Liabilities) ဟုခေါ်သည်။



- Assets မှာ Cash, Inventory, Customers Receivable , Equipment, Buildings တို့ပါဝင်ပါတယ်။

- Liabilities မှာ Debt, Amount owned to Suppliers, Prepaid Accounts/ Advances from Customers, Tax Owed, Wages Owed to Employees စတာတွေပါဝင်ပါတယ်။

- Owners' Equity မှာ Investment , Additional Paid-in Capital, Retained Earning တွေပါဝင်ပါသည်။



အထက်ဖော်ပြပါ အကြောင်းများ ကို ညီမျှခြင်းဖြင့် ဖော်ပြရလျှင်



Assets (A) = Liabilities (L) + Owner' Equity (OE)



1.စုစုပေါင်းရပိုင်ခွင့် = လုပ်ငန်းပိုင်ဆိုင်ခွင့်(သို့)ရင်းနှီးငွေ

2.ရပိုင်ခွင့် = ပိုင်ဆိုင်ခွင့် + ပေးရန်တာဝန်

No comments:

Post a Comment