Thursday, September 10, 2015

အင်တာနက်ကိုအကျိုးရှိစွာ အသုံးပြုနည်း



အင်တာနက်ကိုအကျိုးရှိစွာ အသုံးပြုနည်း

မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူအများစုကတော့ Viberနဲ့ Facebookကိုအဓိကအသုံးပြုကြတာကိုတွေ့ရှိရပါတယ်။
ဒုတိယအသုံးများဆုံးကတော့downloadဆွဲဖို့ပဲအသုံးပြုကြတာကို တွေ့ရှိရပါတယ်။လူနည်းနည်းသာအင်တာနက်ကို
အကျိုးရှိစွာ အသုံးပြုတတ်ပါသေးတယ်။ တစ်ချို့က အင်တာနက်ဆိုတာကို Viberနဲ့Facebookသုံးတာလို့ပဲလို့တောင်
ထင်နေကြပါတယ်။ တကယ်တော့ အင်တာနက်ဆိုတာ အရမ်းကိုတန်ဖိုးကြီးမားတဲ့ စာကြည့်တိုက်ကြီးပါ။ သင်မသိတဲ့
အရာတော်တော်များများကို အင်တာနက်မှာရှာဖွေဖတ်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ connectionမှမကောင်းတာ Facebook နဲ့ Viberတောင်မနည်းသုံးနေရတာ အခြားဟာတွေ ဘယ်လိုလုပ်
သုံးနိုင်မှာလဲ ဆိုပြီးတော့ဆင်ခြေပေးကောင်းပေးနိုင်ပေမယ့် ကျွန်တော်လဲမြန်မာနိုင်ငံသား တစ်ယောက်ပါပဲ။ သင့်ရဲ့
တိုးတက်ချင်တဲ့ စိတ်အားထက်သန်မှု ပေါ်ပဲမူတည်ပါတယ်။ Facebookနဲ့viber မသုံးနဲ့လို့ဆိုလိုချင်တာမဟုတ်ပါဘူး။
အဲဒါတွေလည်းသုံး ကိုယ့်အတွက်အသုံးဝင်မယ့်ဟာတွေလဲသုံးဖို့ အကြံပေးချင်တာပါ။
 

Google ကိုကောင်းကောင်းအသုံးပြုတတ်အောင် ကြိုးစားပါ။

တကယ်တော့ googleဆိုတာ ရတနာသိုက်ကြီးပါပဲ။ အသုံးပြုတတ်ဖို့ပဲလိုတာပါ။ ဥပမာ သင်မနက်ဖြန်မှာ အင်တာဗျူးဖြေ
ဖို့ရှိတယ်ဆိုပါစို့။
How to sit for an interview သို့မဟုတ် Dos and don’ts for an interview လို့ Google search box ထဲမှာရိုက်ကြည့်လိုက်ပါ။ အကယ်၍သင်က English စာလေ့လာနေသူဆိုရင် google search box ထဲမှာ
“English learning websites” လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ အသုံးဝင်တဲ့ ၀က်ဘ်ဆိုဒ်တွေအများကြီးကျလာပါလိမ့်မယ်။
သင့်အတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ အများကြီးကျလာပါလိမ့်မယ်။ ဒါပေမဲ့ Basic English reading skill လေးတော့လိုပါတယ်။ဒါပေမဲ့ အရမ်းတော့လည်းမခက်ခဲပါဘူး။ ဒါမှမဟုတ် တကယ်လို့သင်က Englishလိုမဖတ်ချင်
ရင်လည်း “ အင်တာဗျူး”လို့မြန်မာလိုရိုက်ထည့်လိုက်ပါ။ မြန်မာလိုရေးထားတဲ့ ဆောင်းပါးတွေအများကြီးကျလာပါလိမ့်မယ်။
ဥပမာ hacking အကြောင်းသိချင်တယ် ဆိုပါစို့။ မြန်မာလိုပဲဖတ်ချင်ရင်တော့ “Hacking ကို” သို့မဟုတ် “Hacking
အကြောင်း” ဆိုပြီး မြန်မာလိုလေး တွဲရိုက်ပြီး google search box ထဲမှာ ရိုက်ထည့်ပြီးရှာလို့လည်းရပါတယ်။

သင်ကရေမကူးတတ်ဖူးဆိုပါစို့။ How to swim ဆိုပြီး ရိုက်ပြီးတစ်ခါလောက်ရှာကြည့်လိုက်ပါ။ သင်က ဓာတ်ပုံရိုက်ရတာ
ဝါသနာပါတယ်ဆိုပါစို့။ “How to take a good picture” လို့ရိုက်ပြီးရှာကြည့်လိုက်ပါ။ သင်ဘာပဲလိုလို google search
box ထဲမှာ တတ်သလောက်မှတ်သလောက် ရိုက်ထည့်ပြီးရှာကြည့်လိုက်ပါ။ သင်ရိုက်တာမမှန်ရင်လည်း googleက
အနီးစပ်ဆုံးပြန်ပြင်ပေးပါတယ်။ သင်က Facebookလောက်သာကြည့်လို့ရတဲ့ connectionရတယ်ဆိုရင်လည်းမပူပါနဲ့။
Facebook ပေါ်မှာလည်း ဖတ်လို့ရတာတွေအများကြီးပါပဲ။ Facebook ရဲ့ Search box ထဲမှာရှာဖွေလို့ရပါတယ်။
ဥပမာသင်က စပိန်စာလေ့လာနေတယ်ဆိုပါစို့။ Facebook Search boxထဲမှာ “Learn Spanish” လို့ရိုက်ကြည့်
လိုက်ပါ။စပိန်စာသင်တဲ့ Pageတွေအများကြီး ကျလာပါလိမ့်မယ်။ အင်တာနက်ဖွင့်ထားတုန်းလေ့လာရင် ပိုက်ဆံကုန်တယ်
ထင်ရင် Screenshot လုပ်ထားပြီး offline လေ့လာလို့ရပါတယ်။ download လုပ်လို့ရတာတွေဆိုရင် download
လုပ်ထားပြီး offline ပြန်လေ့လာလို့ရပါတယ်။
 

Youtube ကိုအသုံးပြုပါ။

အသင့်အတင့် connectionကောင်းတယ်ဆိုရင် Youtubeကိုလည်းသုံးကြည့်ပါ။ Youtube ကို MTVရှာရုံပဲမသုံးပါနဲ့။ Youtube ရဲ့ search box ထဲမှာ အကုန်ရှာဖွေလို့ရပါတယ်။ ဥပမာသင်က မနက်ဖြန် presentationလုပ်ဖို့ရှိတယ်ဆိုပါစို့။
“how to make a presentation” ဆိုပြီး youtube search boxထဲမှာရှာကြည့်ပါ။အင်တာနက်ကိုကောင်းကောင်း
အသုံးပြုတတ်ဖို့ဆိုတာ နိုင်ငံခြားကျောင်းသွားတက်ချင်တဲ့ သူတွေအတွက်လည်း အရမ်းကိုလိုအပ်ပါတယ်။
နိုင်ငံခြားကျောင်းတွေမှာကကျောင်းသားတွေကို အကြောင်းအရာတစ်ခုခုခေါင်းစဉ်ပဲပေးပြီး အဲဒိခေါင်းစဉ်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ကျောင်းသားကိုယ်တိုင်က ရှာဖွေဖတ်ရှုရတာပါ။ အဲဒိအခါမှာ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်
အသုံးပြုတတ်ဖို့လိုပါတယ်။
 

Work.com.mm ကိုအသုံးပြုပါ။

နောက်ပြီးသင်အလုပ်ရှာနေတယ်ဆိုရင်လည်း အပြင်မှာ companyတွေတစ်ခုပြီးတစ်ခုနေပူထဲမှာသွားလျှောက်
ရတဲ့ခေတ်ကကုန်သွားပါပြီ။ ကျွန်တော်တို့ရဲ့
Work.com.mm မှာ အကောင့်ဖွင့်ကာသင့်CVလေးကိုဖြည့်ပြီးရင် Apply
တစ်ချက်နှိပ်တာနဲ့ သင်အလုပ်ရနိုင်ပါပြီ။ကျွန်တော်တို့ websiteကို အသုံးပြုရာမှာလည်း အခက်အခဲရှိတယ်
ဆိုရင် ကျွန်တော်တို့ customer serviceကကူညီဖို့အသင့်ပါပဲ။ ၀၁၅၁၂၅၆၃ သို့မဟုတ် ၀၁၁၂၂၃၃၀၉
ကိုသာဖုန်းဆက်လိုက်ပါ။ အခြားအင်တာနက်နဲ့ပက်သက်ပြီး လုပ်လို့ရတာတွေအများကြီးရှိပေမယ့် အဓိက
အသုံးသင့်တတ်ဆုံး Google, Facebook, Youtube Searching နဲ့ အလုပ်ရှာခြင်း အကြောင်းပဲပြော
ခဲ့တာပါ။

အင်တာနက်ကို အကျိုးရှိစွာအသုံးပြုတတ်ကြပါစေ။
မိုးရှင်း(I.M.T)

No comments:

Post a Comment