Thursday, September 10, 2015

အလုပ်တစ်ခုကိုလက်မခံခင် စဉ်းစားသင့်သောအရာများ



အလုပ်တစ်ခုကိုလက်မခံခင် စဉ်းစားသင့်သောအရာများ


အချို့သောသူများက အလုပ်တစ်ခုကိုလက်မခံခင် သေသေချာချာစဉ်းစားလေ့မရှိပါဘူး။ အကျိုးဆက်အနေနဲ့ အလုပ်မှာ
မပျော်ရွှင်ပဲ စိတ်ဖိစီးမှုတွေများတာကိုတွေ့ဖူးပါတယ်။ တစ်ချို့ကလည်း သည်းမခံနိုင်ပဲ အလုပ်ထွက်သွားကြပါတယ်။
အလုပ်တစ်ခုမှာ လပိုင်းလေးပဲကြာတယ်ဆိုတာ ရေရှည်အတွက်တော့ သိပ်မကောင်းလှပါဘူး။ ဒါကြောင့်အလုပ်တစ်ခုကို
လက်မခံခင်မှာသေချာစွာ စဉ်းစားသင့်ပါတယ်။ ဘယ်လိုအချက်မျိုးတွေထည့်သင့်သလဲဆိုတာကို ကျွန်တော်တို့
www.work.com.mm မှအကြံပေးပါရစေ။
သင်အင်တာဗျူးတစ်ခုအောင်သွားပြီဆိုပါစို့။ အလုပ်အတွက်လည်း ကမ်းလှမ်းခြင်းခံရပြီဆိုရင်သင်ချက်ချင်းလက်ခံဖို့
မလိုသေးပါဘူး။ သင်စဉ်းစားဖို့အချိန်ယူသင့်ပါတယ်။ အောက်ပါအချက်များကို စဉ်းစားပြီးမှ သေချာဆုံးဖြတ်ပါ။
စဉ်းစားရမည့်အခြေခံအချက်အလက်များ
-သင်လုပ်ရမည့်အလုပ်ကို သင်သေချာနားလည်ပါသလား?
သင်လုပ်ရမည့်အလုပ်ကိုသေချာစွာသိထားဖို့လိုပါတယ်။ သင်နားမလည်နိုင်တဲ့အရာတွေရှိရင်လည်း ဘယ်လိုအကူအညီ
မျိုးရနိုင်မလဲ မေးပါ။

-သင့်ရဲ့ရာထူးကိုရောကျေနပ်ရဲ့လား?

ဥပမာ သင့်ရာထူးက Marketing ဆိုပါစို့။ Marketing Officer သို့မဟုတ် Marketing Assistant စသဖြင့်
နာမည်ပေါင်းစုံရှိပါတယ်။ ဒီရာထူးနာမည်တွေနဲ့ပက်သက်ပြီး သင်မကျေနပ်တာမျိုးရှိရင် တစ်ခါတည်းဆွေးနွေးပါ။

-သင့်ရဲ့တစ်နေ့တာအလုပ်ကရောဘယ်လိုမျိုးလဲ? Targetကရော ခန့်မှန်းခြေဘယ်လောက်လဲ?

ထိုအရာများကိုသိအောင်မေးမြန်းပါ။စုံစမ်းပါ။ လုပ်ငန်းတိုင်းမှာ သင်ပြီးမြောက်ရမည့် Targetများ ရှိပါတယ်။ သင့်အတွေ့
အကြုံ၊အရည်အချင်းနဲ့ သူ့Targetတွေကိုက်ညီမှုရှိရဲ့လားစဉ်းစားပါ။
-အလုပ်ချိန်ကဘယ်လိုလဲ?
မနက်၉နာရီကနေညနေ၅နာရီလား? မနက်၉နာရီခွဲကနေ ညနေ၆နာရီခွဲထိလား?သေသေချာချာ စုံစမ်းပါ။ သင့်အတွက်
အဆင်မပြေရင် ဆွေးနွေးကြည့်ပါ။
-ဒီအလုပ်ကိုလက်ခံအကြောင်း ဘယ်တော့နောက်ဆုံးထားအကြောင်းကြားရမလဲမေးပါ။
သင်ဘယ်တော့နောက်ဆုံးပြန်အကြောင်းကြားပေးရမလဲမေးပါ။ တစ်ခါတစ်လေသူက အမြန်လိုနေရင်တော့ သင်အမြန်ဆုံး
ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
-သင့်လစာက သင့်အတွက်ရောလုံလောက်ရဲ့လား?
သင်ကအခုမှစလုပ်တဲ့သူဆိုရင်တောင်စဉ်းစားသင့်ပါတယ်။ အရမ်းကြီးနည်းနေရင်တော့ လက်မခံသင့်ပါဘူး။
ဒါပေမယ့်နောက်တစ်ခုစဉ်းစားလို့ရတာကတော့ လစာနည်းပေမယ့် အခြားဘယ်လိုအခွင့်အရေး တွေရနိုင်သေး
လည်းဆိုတာပါပဲ။ တစ်ချို့တွေကလစာနည်းပေမယ့် အခြားအခွင့်အရေးတွေမှာပိုပေး လေ့ရှိပါတယ်။ ထိုအချက်
ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။
-ကုမ္ပဏီကပေးတဲ့အခြားအကျိုးခံစားခွင့်၊ သင်တန်းစတာတွေရောရှိပါသလား?
တစ်ချို့ကုမ္ပဏီတွေက Trainingတွေလည်းပေးလေ့ရှိပါတယ်။ ဒါကြောင့်ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။

-သင့်ရဲ့ Supervisor ကရော ဘယ်လိုမျိုးလဲ?

ဒီအကြောင်းအရာကတော့ ပြည်တွင်းကုမ္ပဏီများမှာလုပ်နေတဲ့သူများထက် နိုင်ငံတကာကုမ္ပဏီမှာလုပ် နေတဲ့သူများအတွက်
ပိုသင့်တော်ပါတယ်။နိုင်ငံခြားကုမ္ပဏီတွေမှာတော့အလုပ်လက်မခံခင်Supervisorနဲ့စကားပြောကြည့်တာအဆန်းမဟုတ်ပါ
ဘူး။ ပြောကြည့်လို့အဆင်မပြေနိုင်ဘူးဆိုရင်တော့ အခြားနေရာမှာ စုံစမ်းပါ။ ဥပမာ ထိုကုမ္ပဏီမှာလုပ်နေတဲ့သင့်မိတ်ဆွေ၊
သူငယ်ချင်း၊အသိစသဖြင့်ပေါ့။ သင့်Supervisor ရဲ့သဘောထားကို အကြမ်းဖျင်းသိနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့
သင်ဘာတွေ သင်ယူနိုင်မလဲဆိုတာကိုလည်း မေးနိုင်ပါတယ်။

-သင့်ရဲ့ရည်မှန်းချက်များနဲ့ကိုက်ညီရဲ့လား?
ထိုကုမ္ပဏီမှာအလုပ်လုပ်ခြင်းဖြင့် သင့်ရည်မှန်းချက်နဲ့နီးလာမှာလား? သင့်ရဲ့ပန်းတိုင်ဆီကိုသွားဖို့ ထိုကုမ္ပဏီက လှေကား
ထစ်တစ်ခုဟုတ်ရဲ့လား? သင့်အရည်အချင်းတွေကိုရော အပြည့်အ၀အသုံးချ နိုင်မည့်နေရာတစ်ခုဟုတ်ရဲ့လား?
ဒီအချက်များအားလုံးကို သေချာစွာစဉ်းစားရမှာဖြစ်ပါတယ်။သင်မပျော်ရွှင်တဲ့အလုပ်မှာမအောင်မြင်နိုင်တာကြောင့်
အထက်ပါအချက်များကိုသေချာစဉ်းစားဖို့အကြံပေးချင်ပါတယ်။
Do what you love and love what you do.
မိုးရှင်း (I.M.T)
Ref: forbes.com

No comments:

Post a Comment