Thursday, September 10, 2015

စာရင်းကိုင်ပညာ၏ရည်ရွယ်ချက်


အဖွဲ့အစည်းတစ်ခုအနေဖြင့် စီးပွားရေးအဖွဲ့အစည်း၊လူမှုရေးအဖွဲ့အစည်း၊အစိုးရ ဌာန အဖွဲ့အစည်း ၊ စသည် မည်သည့်အဖွဲ့အစည်းမျိုးမဆို ၄င်းတို့၏ ငွေရေးကြေးရေး နှင့် ပတ်သတ်သော လုပ်ငန်းဆောင်ရွက်ချက်များကို စာရင်းမှတ်တမ်းများတွင် ရေးသွင်းထားရှိရန်၊ ၄င်းတို့၏ ဘဏ္ဍာရေးအခြေအနေကိုအကျဉ်းချုပ်တင်ပြရန်နှင့် လုပ်ငန်းအကြောင်းအရာများကို လိုအပ်သလို အစီရင်ခံနိုင်ရန် ရည်ရွယ်သည်။


ငွေကြေးတန်ဖိုး တွက်ဆ ဖော်ပြနိုင်သည့် လုပ်ငန်းဆောင်ရွက်ခြင်းများ ကို နေ့စဉ်မှတ်တမ်းထားရှိရမည်။

၎င်းတို့မှာ လုပ်ငန်းအနေဖြင့်မည်သည့်ပစ္စည်းများဝယ်သည် ၊ မည်သည့်တို့ကို ရောင်းသည် ၊ ငွေလက်ကျန်မည်မျှရှိသည် ၊ဘယ်လောက်ထုတ်ပေးမည်၊မည်သည့်အသုံးစရိတ်အတွက် ငွေ မည်မျှကုန်ကျမည် စသဖြင့်ဖော်ပြပါရှိသည်။ လုပ်ကိုင်ဆောင်ရွက်ချက်များ ၏ နေ့စဉ်မှတ်တမ်းများကို ထားရှိရခြင်းနှင့် ၄င်းတို့ကို အချိန်ကာလအလိုက်၊ အကျဉ်းချုပ်ပြုလုပ်ရခြင်းတို့ ကို ပြုလုပ်ပေးရသည်။ 

အထက်ပါမှတ်တမ်းများ ထားရှိပြီး အကျဉ်းချုပ်ဖော်ပြ ရခြင်း၏ ရည်ရွယ်ချက်မှာ -

1. လုပ်ငန်း၏ အခြေအနေကို မျက်ခြေမပြတ်ရန် နှင့် ပိုင်ဆိုင်သော ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ဖြစ်သည်။ (ပိုင်ဆိုင်သော ပစ္စည်းများ မှာ အဆောက်အဦး၊ ပရိဘောဂများ၊ ကုန်ပစ္စည်းများ၊ ငွေကြေး စသည်တို့ဖြစ်သည်။)

2. လုပ်ငန်းနှင့် အခြား ပုဂ္ဂိုလ်များ၏ ငွေကြေးဆက်သွယ်မှုတို့ကို အစဉ်သိရှိနိုင်ရန်ဖြစ်သည်။ (ထိုသို့သိရှိရန်အတွက် လုပ်ငန်း၏ ပေးရန်အကြွေး မည်မျှရှိသည်၊ မည်သည့်နေ့ရက်တွင်ပြန်ဆပ်ရမည် စသည်ကိုမှတ်တမ်းများ ထားရှိရန်လိုအပ်သည်။ ၄င်းအပြင် အခြားလူများက လုပ်ငန်းအား ပေးရန် မည်မျှရှိသည်ကိုလည်း မှတ်တမ်းထားရှိရမည်။)

3. လုပ်ငန်း ၏ ၀င်ငွေ နှင့် ကုန်ကျစရိတ်များကို ချိန်ဆတွက်ချက် နိုင်ရန်ဖြစ်သည်

4. လုပ်ငန်း ၏ ဘဏ္ဍာရေးအခြေအနေကို အချိန်မရွေးသိရှိနိုင်ရန် တို့ဖြစ်သည်။

No comments:

Post a Comment